Chapter(361) - တစ်ယောက်သွားရင် တစ်ယောက်က နောက်ကလိုက်မယ်

2.4K 575 16
                                    

Unicode

အခန်း(၃၆၁) - တစ်ယောက်သွားရင် တစ်ယောက်က နောက်ကလိုက်မယ်

ဝမ်ရိထုန်ရဲ့ အမူအယာက အဆက်မပြတ် ပြောင်းလဲသွားကာ သူ့မျက်လုံးများက စူးရှထက်မြက်နေရာမှ တစ်ဖြည်းဖြည်း ပျော့ပြောင်းလာခဲ့ပြီး နောက်ဆုံးတွင် မိမိကိုယ်ကို လှောင်ပြောင်မှုဖြင့် အဆုံးသတ်သွားခဲ့သည်။

ဝမ်ရိထုန်က သူ့လက်များကို ငုံ့ကြည့်လိုက်သည်။

"ပေ့ရှစ်ထျန်း, မင်း တိုက်ကြီးငါးတိုက်ကို ရောက်လာကတည်းက ငါ့ကို အမြဲတမ်း ရှောင်ဖယ်နေခဲ့တယ်။ ငါတို့က သူစိမ်းတွေလိုမျိုးတောင် မင်းဘက်က ပြုမူခဲ့တာ။ မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံချင်တဲ့ အခါကျတော့ မင်းက လက်မခံဘူး။ ငါမင်းအပေါ် ဆိုးဆိုးဝါးဝါး ဆက်ဆံလည်း စကားအများကြီး မပြောဘူး။ နှစ်ပေါင်းများစွာအတွင်းမှာ မင်းဘက်က မင်းရဲ့ စိတ်ခံစားချက်တွေကို စပြောလာခဲ့တာ ဒါက ပထမဆုံးအကြိမ်ပဲ"

ပေ့ရှစ်ထျန်းက တောင့်တင်းလာသည်။ သူတကယ့်ကို ဝမ်ရိထုန်အား ရင်မဆိုင်ချင်တာပင်။ အကြောင်းကတော့ ဝမ်ရိထုန်ကို မြင်တဲ့အခါတိုင်း သူ့မိသားစုတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရတာနဲ့၊ သူ့ရှေ့မှာတင် သူ့ဆွေမျိုးတွေနဲ့ တပည့်တွေ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားရသည့် မြင်ကွင်းအပြင် ဝမ်မိသားစုရဲ့ ရွံရှာဖွယ် မျက်နှာများကို မြင်ယောင်မိတာကြောင့်သာ......

ထို့ကြောင့်လည်း သူ ဝမ်ရိထုန်ကို  အမြဲရှောင်နေခဲ့ခြင်းဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာပြီးတဲ့အချိန်မှာ သူက ဝမ်ရိထုန်တစ်ယောက်တည်းကိုပဲ နှလုံးသားထဲမှာ အရေးကြီးဆုံးအဖြစ် သတ်မှတ်ထားခဲ့တဲ့ လူငယ်လေး မဟုတ်တော့။

ပေ့ရှစ်ထျန်းက ပါးစပ် မဖွင့်လာသည့် အခါမှာ ဝမ်ရိထုန်က ခေါင်းမော့ပြီး ပြုံးပြလာသည်။

"အကယ်၍ ငါ့ဆီမှာသာ မင်းအပေါ် ချစ်ခြင်းမေတ္တာတွေ မရှိတော့ဘူးဆိုရင် ဘယ်လိုလုပ် ငါ့ဘဝကို ဖျတ်ဆီးပြီး ဝမ်မိသားစု သခင်လေးဆိုတဲ့ နေရာကို စိတ်လိုလက်ရ စွန့်လွှတ်လို့ ဒီလို ဝိညာဉ်ချီ အရမ်းနည်းပါးပြီး  အဓိပ္ပါယ်မဲ့ ရှင်သန်နေရမယ့်တိုက်ကြီးငါးတိုက်လို အသေးအဖွဲ နေရာမျိုးကို မင်းနဲ့အတူ လိုက်လာခဲ့မှာလဲ?"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now