Chapter(255) - အချိန်မီကယ်ဆယ်

3.6K 876 58
                                    

Unicode

အခန်း(၂၅၅) - အချိန်မီကယ်ဆယ်

တစ်စုံတစ်ယောက်ကတီးတိုးပြောလေသည်။

"ငါကြားတာတော့သွမ့်မိသားစုခေါင်းဆောင်ကအရမ်းကိုဒေါသထွက်နေလို့သွမ့်ယွီယန်ကိုချက်ချင်းကလေးဖျတ်ချခိုင်းမလို့တဲ့အခုဥပဒေစိုးမိုးရေးခန်းမဆောင်ထဲမှာ"

"အာ,သူတို့ကအချိန်နည်းနည်းလေးတောင်မဖြုန်းချင်ဘူးပဲ...အကယ်၍မင်းငါ့ကိုမေးမယ်ဆိုရင်တော့အခုချိန်မှာသွမ့်ယွီယန်ကလူသေပဲ"

"ပင်မဌာနမှာဒီလိုကိစ္စမျိုးဖြစ်လာတာတကယ်ကိုကံမကောင်းတာပဲ...အပြင်ကလူတွေသာဒီအကြောင်းကြားရင်ဘယ်လောက်တောင်ရယ်စရာကြီးဖြစ်သွားမလဲမသိဘူး"

"ယောကျာ်းလေးတစ်ယောက်က,ကလေးရှိတာတစ်ခါမှမကြားဘူးသလိုတစ်ခါမှလည်းမမြင်ဘူးပါဘူး"

"ကြောက်စရာအကောင်းဆုံးကတော့အဲ့ဒါကသဘာဝနိယာမတရားကိုချိုးဖောက်တာပဲ!ကောင်းကင်ဘုံကတော့သွမ့်မိသားစုကိုပြစ်ဒဏ်ခတ်တော့မှာပဲ!"

သဘာဝကျကျပင်သွမ့်ယွီယန်ရဲ့ကျေးဇူးပြုမှုကိုခံယူဘူးပြီးသူနဲ့ဆက်ဆံရေးကောင်းတဲ့သူတစ်ချို့လည်းရှိနေသေးသည်။သူတို့ကသွမ့်ယွီယန်အစားကာကွယ်ပြောပေး၏။

"အဲ့ဒီကိစ္စတွေကရှင်းရှင်းလင်းလင်းနားမလည်နိုင်သေးပါဘူး...တစ်စုံတစ်ယောက်ရဲ့သီလအကြောင်းကိုအလွယ်တကူလျှောက်မပြောသင့်ဘူး...ပြီးတော့လည်းအကယ်၍သူကကိုယ်ဝန်ရှိနေတယ်ဆိုရင်တောင်သူကသွမ့်မိသားစုရဲ့ပထမဆုံးနဲ့တရားဝင်သားတစ်ယောက်လေ...ဘယ်လိုများဒီလိုအတင်းအဖျင်းတွေကိုပေါ့ပေါ့တန်တန်ပြောနိုင်ရတာလဲ?"

"အဲ့ဒါတော့အမှန်ပဲ!သူကသွမ့်မိသားစုရဲ့တိုက်ရိုက်သွေးမျိုးဆက်နော်မင်းသူ့ကိုဒီလိုမျိုးပွင့်ပွင့်လင်းလင်းကဲ့ရဲ့လို့ဖြစ်လား?"

"ပုံမှန်နေ့တွေဆိုရင်သခင်လေးကမင်းကိုဒီလောက်ကောင်းကောင်းဆက်ဆံတာကို...ဒါပေမဲ့အခုကျတော့မင်းကမီးကိုယပ်တောင်ခပ်ပေးပြီးလဲကျနေတဲ့လူကိုပစ်ခတ်နေတာပဲ...မင်းမှာမျက်နှာရောရှိသေးရဲ့လား?"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now