Chapter(323) - ကိုယ်တိုင်သွားရောက်လည်ပတ်ခြင်း

3.1K 718 38
                                    

Unicode

အခန်း(၃၂၃) - ကိုယ်တိုင်သွားရောက်လည်ပတ်ခြင်း

"ရယ်စရာကောင်းလိုက်တာ! သူတို့အနေနဲ့ ဘုန်းကြီးကို မျက်နှာသာမပေးရင်တောင် ဗုဒ္ဓကိုတော့ မျက်နှာသာပေးရဦးမှာပဲလေ, အဲ့ဒီလူတွေက ခင်ဗျားရဲ့ခွေးကိုတောင် မရိုက်ရဲတဲ့ဟာကို ကျွန်တော်က သားရှိလို့တောင် မဖြစ်ဘူးလား? သူတို့က သူ့ကိုဘာလုပ်ရဲမှာမို့လို့?" လင်ကျန်က ထေ့ငေါ့ပြီးဆက်ပြောသည်။

"ခင်ဗျားက တော်ဝင်ကောင်းကင်ဘုံ မြို့တော်ရဲ့ ယန်မိသားစုကတောင် ရန်မစရဲတဲ့ အရှေ့ဘက် အုပ်စိုးသူအရှင်ဖြစ်ပြီး သူတို့ကို ကြောက်နေတာလား? အဲ့ဒီလို အသုံးမကျတဲ့ ဆင်ခြေတွေ လာမပေးနဲ့, ခင်ဗျားဘာပြောပြော မယုံဘူး"

"မင်းယုံမှဖြစ်မှာ" အရှေ့ဘက် အုပ်စိုးသူအရှင်က ခပ်ဖျော့ဖျော့ သက်ပြင်းချသည်။ အရာအားလုံးက အစကတည်းက မှားယွင်းနေခဲ့တာ

ခြေတစ်လှမ်းမှားသွားတာနဲ့ နောက်တစ်လှမ်းပါ လိုက်မှားသွားလိမ့်မယ်.... အကယ်၍သာ ကောင်းကင်ဘုံက အရာအားလုံးကို အဆုံးအဖြတ် ပေးပြီးနေပြီဆိုရင် ဘာလို့သူက ကောင်းကင်ဘုံကို ဆန့်ကျင်ဖို့အတွက် စိတ်ဒုက္ခရောက် ခံနေရမှာလဲ?

အရှေ့ဘက် အုပ်စိုးသူအရှင်သည် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာနဲ့ တစ်ပုံစံတည်း တူညီနေဆဲဖြစ်သည့် လင်ကျန်ရဲ့ မျက်နှာကို ငေးကြည့်လိုက်သည်။ အဆုံးမှာတော့ သူဘာမှ မပြောတော့။

သူ့အနေနဲ့ အားနည်းချက်တွေကို ထုတ်ပြရာတွင် မကျွမ်းကျင်သလို သူထုတ်ဖော်ပြလို့ရတဲ့ အချက်အလက်လေး အနည်းငယ်နဲ့လည်း လင်ကျန်ကို ဆွဲဆောင်နိုင်မှာမဟုတ်ပေ။ ထပ်ပြောနေရင်လည်း အသုံးမဝင်တာကြောင့် ဘာမှမပြောတာက ပိုကောင်းလိမ့်မည်။

လင်ကျန်ကတော့ သူ့ကိုမျက်နှာခြင်း မဆိုင်ပဲ ခေါင်းမာမာနဲ့သာ သူ့ကိုကြည့်ဖို့ ငြင်းဆန်နေသည်။

အရှေ့ဘက် အုပ်စိုးသူအရှင်က တီးတိုးပြောလိုက်သည်။

"အားကျန်, လောလောဆယ် ကိုယ်မင်းကို ရှင်းပြလို့မရတဲ့ ကိစ္စတွေ အများကြီးရှိနေတယ် ဒါပေမဲ့ ကိုယ်ဘယ်တုန်းကမှ လက်မထပ်ခဲ့သလို တစ်ခြားကလေးလည်း မရှိခဲ့ပါဘူးကွာ, ဒါပေမဲ့ လောလောဆယ်မှာ ကိုယ့်ရဲ့ အကြီးဆုံးသားက အရမ်းအရေးကြီးပြီး ကိစ္စတော်တော်များများမှာလည်း ပါဝင်ပတ်သတ်နေတယ်, မင်းကိုယ့်ကို သူဘယ်မှာလဲ ဆိုတာပြောဖို့ မျှော်လင့်မိပါတယ်"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now