Chapter(390) - အကြီးအကျယ် ရန်ဖြစ်ကြခြင်း

2.1K 463 22
                                    

Unicode

အခန်း(၃၉၀) - အကြီးအကျယ် ရန်ဖြစ်ကြခြင်း

"အားဂျင်, စိတ်လျော့"

လန်ဂျီရွှယ်သည် ထိန်းချုပ်မှု လွတ်ကင်းလုနီးပါး ဖြစ်နေသည့် ဟွမ်ဖူဂျင်အား ကြည့်ရင်း သက်ပြင်းချသည်။

"အားဂျင်, မင်း နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲ ရောက်ပြီးသား ဖြစ်နေလိမ့်မယ်လို့ မထင်ထားလိုက်မိဘူး"

"မထင်ထားလိုက်မိဘူး? ဒါမှမဟုတ် ကျွန်တော်က ခင်ဗျားအပေါ် တကယ့်ကို စိတ်ရင်းမှန်ပါတယ် ဆိုတဲ့ အဖြစ်ကို လုံးဝ မယုံချင်တာ မဟုတ်ဘူးလား?"

ဟွမ်ဖူဂျင်သည် မှားယွင်းခံထားရသည့် လေသံဖြင့် ငိုချလုနီးပါး ဖြစ်နေသည်။

"ခင်ဗျားက နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲကို တစ်ခြားသူတွေရဲ့ ဖိအားပေးမှုကြောင့် ဝင်လာခဲ့ရတာတောင် ကျွန်တော့်ကို ပြောပြချင်တဲ့ စိတ်ဆန္ဒ မရှိသေးဘူး။ အဆုံးကျတော့ ကျွန်တော့်ကို ခင်ဗျားရဲ့လူတွေထဲက တစ်ယောက်လို့တောင် စဉ်းစားမိသေးရဲ့လား? ကျွန်တော်က ခင်ဗျားကို ကျွန်တော့်ရဲ့ နှလုံးသားကိုတောင် တူးထုတ်ပြီး  ပေးထားပြီးနေပြီ ဘာများ ထပ်လိုချင်နေသေးတာလဲဗျာ?"

လန်ဂျီရွှယ်က ဆွံ့အနေမိပြီး တစ်နည်းနည်းနဲ့ ဟွမ်ဖူဂျင်အား မကြည့်ရဲဖြစ်နေကာ သူ့အမြင်အာရုံက တုန်ယင်နေရင်းဖြင့် တစ်ခြားနေရာ တစ်ခုအား အကြည့်လွှဲရင်း ပြန်ဖြေလေသည်။

"မင်းက ဒီကို ဒီအတိုင်းကြီး ပြေးချလာတာ, ကျန်ခဲ့တဲ့ ကိစ္စကြီးတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဘယ်လိုလုပ်မလဲ?"

ဟွမ်ဖူဂျင်က အော်ဟစ်တော့သည်။

"အဲ့ဒီသောက်ကိစ္စတွေကို လုပ်ချင်တဲ့သူ ဝင်လုပ်လိမ့်မယ်။ အဲ့ဒီလူတွေက ကျွန်တော် အဝေးရောက်နေတဲ့ အချိန်မှာ ခင်ဗျားကို ဖယ်ရှားဖို့ လုပ်ရဲတယ်။ အဲဒါက သူတို့ကို့ စွမ်းအားကြီးလာစေမှာ မို့လို့လား? သူတို့က သူတို့လုပ်ရပ်ရဲ့ အစပျိုးမှုတွေ ဂုဏ်ယူဝံ့ကြွားနေမှုတွေ နိုင်ထက်စီးနင်း လုပ်ဆောင်မှုတွေအပေါ် လုပ်နိုင်စွမ်း ရှိကြတယ် မဟုတ်ဘူးလား? အရှုပ်အထွေးတွေကို သူတို့ဘာသာ ကိုယ်တွယ် ဖြေရှင်းပါစေပေါ့။ ငါ, ဟွမ်ဖူဂျင်က သောက်ကျိုးနည်းကို ! သောက်ဂရုမစိုက်ဘူးကွ!"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now