Chapter(393) - အတိတ်ဘဝဆက်ဆံရေး

2K 473 16
                                    

Unicode

အခန်း(၃၉၃) - အတိတ်ဘဝဆက်ဆံရေး

ရှောင်းလင်ဖုန်းက လက်မြှောက်လိုက်ပြီး ချင်းကျူရဲ့ ခေါင်းကို မပွတ်ပေးပဲ မနေနိုင်တော့ပေ။

"ကျူကျီလေး, အကယ်၍ လျှိုမုံချန် သေသွားရင်ရော?"

ချင်းကျူက အေးခဲသွားပြီး ရှောင်းလင်ဖုန်းအား ဆတ်ခနဲ ကြည့်လိုက်သည်။

"သူသေဖို့ မဖြစ်နိုင်ဘူး"

ရှောင်းလင်ဖုန်းက မေးသည်။

"ဘာကြောင့် မဖြစ်နိုင်တာလဲ?"

ချင်းကျူသည် အကြောင်းပြချက်ကို ပြောမပြတတ်သော်လည်း လျှိုမုံချန်လို သက်ရှိလူသားတစ်ဦးက ဒီအတိုင်း သွေသားပြီလို့ စိတ်ကူးမိသည့်အခါတွင် သူ့နှလုံးသားတစ်ခုလုံး ဘာကြောင့် ဒီလောက် နာကျင်ရမှန်း မသိပေ။ ၎င်းက အပ်ချွန်လွန်လေးတွေနဲ့ ထိုးနေသလိုပဲ။ လျှိုမုံချန်က သူ့ကို သစ္စာဖောက်သွားခဲ့တယ်လို့ သိတုန်းကထက်တောင် ပိုဆိုးသေးတယ်

"သူ မသေနိုင်ဘူး" ချင်းကျူက ခေါင်းခါသည်။

"သူသေလို့ မရဘူး"

ရှောင်းလင်ဖုန်းက သူ့နှုတ်ခမ်းထောင့်စွန်းလေးအား ကွေးညွှတ်လိုက်ရင်း ထပ်မေးသည်။

"ဒါဆို အကယ်၍ ငါသေသွားရင်ရော?"

ချင်းကျူက ထပ်မံအေးခဲသွားပြန်သည်။ ခဏအကြာမှသာ သူက မေးလာလေသည်။

"မင်းလည်း သေလို့ မရဘူး။ မင်းဆီမှာ ငါ့ရဲ့ ဝိညာဉ်အမြူတေ ရှိနေပြီလေ ဘယ်လိုလုပ် သေလို့ ဖြစ်မှာလဲ?"

ရှောင်းလင်ဖုန်းသည် အစကတော့ သူအရမ်းကို ရင်ထဲ ခံစားသွားရကြောင်း ပြချင်ပေမယ့် ချင်းကျူက စကားဆက်သည်။

"ဒါပေမဲ့ အကယ်၍ ငါ့ဝိညာဉ်အမြူတေကို ပြန်ပေးပြီးသွားရင်တော့ မင်းဆန္ဒရှိသလို သေလို့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့ ဝိညာဉ်အမြူတေကိုတော့ အရင်ဆုံး ပြန်ပေးမှဖြစ်မယ်"

ရှောင်းလင်ဖုန်း: "......"

ရှောင်းလင်ဖုန်းမှာ ခါးသက်သက် ရယ်မောမိတော့သည်။

"ကျူကျီလေး, မင်းဘယ်လိုဖြစ်လို့ ဒိလောက် နှလုံးသားမဲ့ရတာလဲ? ဒီအချိန် အတောအတွင်းမှာ မင်းအပေါ် ငါအရမ်းကောင်းပေးခဲ့တယ်လေ။ မင်းကတော့ ငါသေမှာကိုတောင် မစောင့်နိုင်တော့ဘူးလား"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now