Chapter(230) - လျို့ဝှက်မြေရဲ့အရှင်သခင်

4.2K 997 40
                                    

Unicode

အခန်း(၂၃၀) - လျို့ဝှက်မြေရဲ့အရှင်သခင်

ရှန်ချောင်ကွန်းသည်လင်ရွှမ်းဇီက သူ့အာရုံအားလုံးကိုယန်ထျန်းဟန် အားကာကွယ်ပေးရန်အာရုံစိုက်နေ တာကိုအခွင့်ကောင်းယူ၍ပျံသန်း ဝင်လာပြီးHepta-Brilliant Sacredမီးအားယန်ထျန်းဟန် လက်ထဲမှလုယူလိုက်သည်။

ယန်ထျန်းဟန်မှာမီးတောက်ကို ဆုံးရှုံးလိုက်ရတာကြောင့်အတော် လေးဒေါသထွက်သွားပြီးထိုနေရာ သို့ပြေးဝင်ကာတစ်ယောက်ယောက် ကိုရိုက်ချင်မိသွား၏။

ထိုအချိန်မှာပဲရှန်ချောင်းကွန်းရဲ့ နာနာကျဉ်းကျဉ်းအော်ဟစ်သံကို ကြားလိုက်ရပြီးသူတကယ်ပဲမီးလုံး ကိုသူ့ဘာသာသူလွှတ်ပစ်လိုက်သည်။

သူ့လက်ပေါ်မှာတော့လောင်ကျွမ်းမှု ကြောင့်သွေးရည်ကြည်ဖုများ ထွက်နေသည်။ကံကောင်းစွာနဲ့ သူအလျင်အမြန်ပစ်ထုတ်လိုက် သောကြောင့်သာမဟုတ်ရင်သူ့ လက်တစ်ခုလုံးအခုချိန်မီးလောင် သွားလောက်ပြီ။

"ကျစ်ရှင်,သွားပြီးမီးလုံးကိုယူလိုက်!" ရှန်ချောင်ကွန်းသည်သူ့လက်ပေါ်က သွေးရည်ကြည်ဖုကြောင့်နာကျင်နေ သည်ကိုအံကြိတ်သည်းခံနေရင်းဖြင့် အော်ပြောဖို့လည်းမမေ့ပေ။

ပြောစရာပင်မလိုလောက်အောင် ဆုကျစ်ရှင်သည်လည်းတစ်ခါတည်း သွားယူနေပြီဖြစ်သည်။

ဆုကျစ်ရှင်ကမီးလုံးကိုမထိနိုင်ခင် မှာပင်ထီးတစ်လက်ကသူ့လက်ကို အဝေးရိုက်ထုတ်လိုက်သည်။

ဆုကျစ်ရှင်ကတိုက်ခိုက်သည့် ကိရိယာအားလင်ရွှမ်းဇီထံ ပစ်ထုတ်လိုက်ပြီးလင်ရွှမ်းဇီ ကတော့ကာကွယ်ရေးကိရိယာ အားထုတ်ကာတားဆီးလိုက်ရင်း ဖြင့်နှစ်ယောက်သားထိုပုံစံဖြင့် အကွက်တော်တော်များများ တိုက်ခိုက်ကြသည်။

လင်ရွှမ်းဇီကအခွင့်အေရးတစ် ခုရလိုက်ပြီးHepta-Brilliant Sacredမီးအားသူ့သိုလှောင်အိတ် ထဲထည့်လိုက်တော့သည်။

ဆုကျစ်ရှင်မှာဒေါသထွက်လာသည်; သူကသတ်ဖြတ်ချင်သည့်စိတ်အပြည့် ဖြင့်ဝိဉာဉ်ဖြတ်သိမ်းအပ်မှိုအား ထုတ်ယူရန်ပြင်လိုက်တဲ့အချိန်မှာ ကျောက်တုန်းအခန်းထဲရှိတစ်သက် တာမီးအိမ်များအားလုံးတစ်ခုပြီး တစ်ခုငြိမ်းသတ်သွားသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now