Chapter(290) - ဟွိုင်ယွီ၏အကဲဖြတ်မှု

3.5K 901 121
                                    

Unicode

အခန်း(၂၉၀) - ဟွိုင်ယွီ၏အကဲဖြတ်မှု

အမှန်အတိုင်းပြောရရင် အဲဒီတုန်းက အချစ်ကြောင့် မျက်စိကန်းနေခဲ့တဲ့ ယန်ကျုံးဟွားကလွဲရင် ဘယ်သူကများ ပါးစပ်ဖွင့်လိုက်ရုံနဲ့ စိတ်ဆိုးအောင်လုပ်နိုင်တဲ့ ယိုမင်းရဲ့ ထူးခြားတဲ့ ပုံစံမျိုးကို သည်းခံနိုင်ပါ့မလဲ ဆိုတာ သူတကယ်ပဲမသိတော့ဘူး။

အဲ့ဒီအချိန်တုန်းက, ယိုမင်းကသာ ယန်ကျုံးဟွားကို လိုက်ခဲ့ပြီး သူဆန္ဒရှိသလို ဖမ်းဆီးကာ ထိုလူကို လက်ထပ်ဖို့အတွက် အခက်အခဲတွေ အတားအဆီးတွေ အားလုံးကို ဖယ်ရှားပစ်ခဲ့ခြင်းပင်။ သူ့စီနီယာအကိုတွေနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတိုင်းက အူလှိုက်သဲလှိုက် ရယ်မောကာ ယန်ကျုံးဟွားအတွက် အမွှေးတိုင် သုံးတိုင်စာအချိန် ငိုကြွေးပေးခဲ့ကြသည်။

တကယ်တော့လည်း, သူဟိုင်ယွီအဖြစ်နဲ့ နယ်မြေကြီးကိုးခုက ထောင့်တိုင်းမှာ လျှောက်သွားနေတဲ့အချိန်မှာ လူတိုင်း သူ့ဆီကနေ စိတ်အနှောင့်အယှက်ဖြစ်လုနီးပါး အနှောင့်အယှက်ပေး ခံခဲ့ကြရသည်ပဲလေ။

ယိုမင်းရဲ့ တိုက်ရိုက်စီနီယာအကိုဖြစ်တဲ့ သူတောင် တစ်ခါတစ်လေ သူ့ရဲ့ ဒီဂိုဏ်းတူညီလေးကို ရိုက်ချင်မိတယ်

မဟာအကြီးအကဲလန်ယွဲ့၏မျက်နှာက သိပ်မကောင်းဘူးဆိုတာကိုမြင်သောအခါ မဟာအကြီးအကဲဟွိုင်ယွီက လျှာလေးထုတ်ပြီး အမြန်အဆန်ထပ်ပြောသည်။

"ကောင်းပါပြီ, စီနီယာအကိုကြီးရယ်, လင်ရွှမ်းဇီအကြောင်းမပြောတော့ဘူး ဒီကောင်လေးရဲ့ဘဝက ဒီလောက်ကောင်းတာ ဘယ်လိုမှသူမသေနိုင်ပါဘူး, အချိန်ကအဖိုးတန်တယ်, အဲ့ဒီတော့ ကျွန်တော့ရဲ့ ချစ်ရတဲ့ကလေးလေး အားဟန်အကြောင်းကိုပဲ ပြောကြတာပေါ့, ပြီးတော့ ကျွန်တော်ဒီမှာ အကြာကြီးနေလို့မရဘူး"

မဟာအကြီးအကဲလန်ယွဲ့၏ မျက်လုံးများ နူးညံ့သွားသည်။

"မင်းနယ်မြေကြီးကိုးခုမှာ အရမ်းအလုပ်များမယ်ဆိုတာသာ ငါစောစောသိလိုက်ရင် မင်းကိုဒီခေါ်လာဖို့အတွက် ငါ့ဦးနှောက်ကို ဒီလောက်အလုပ်ပေးမိမှာ မဟုတ်ဘူး, ဒါပေမဲ့, ရိုးရိုးသားသားပြောရရင်, မင်းတိုက်ကြီငါးတိုက်ကိုလာဖို့ ဘာလို့ဒီလောက် အင်အားအများကြီး စိုက်ထုတ်ထားတာလဲ?"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now