Chapter(277) - ကျင့်ကြံခြင်းမြေပြင်

4K 894 19
                                    

Unicode

အခန်း(၂၇၇) - ကျင့်ကြံခြင်းမြေပြင်

လင်ရွှမ်းဇီကတော့သူ့နှလုံးသားထဲကကြီးမားလှတဲ့လှိုင်းတံပိုးကြားထဲကနေသူ့ရဲ့ခံစားချက်ကိုထုတ်မပြပဲတည်ငြိမ်ပြီးအေးဆေးသည့်ပုံစံကိုဆက်လက်ထိန်းသိမ်းထားသည်။

သူကခေါင်းညိတ်ပြလိုက်သည်။

"ကျွန်တော်တကယ့်ကိုမသိပါဘူး ; အဲ့ဒီလိုဓားနည်းပညာမျိုးရှိတာတစ်ခါမှမကြားဘူးဘူး"

တကယ်တော့လင်ရွှမ်းဇီကသူ့ရဲ့ထိတ်လန့်မှုကိုမဖိနှိပ်နိုင်လုနီးပါးဖြစ်နေမိတာပင်။

မကျော်ကြားဘူး?အကယ်၍သာအဲ့ဒါကိုကျော်ကြားမှုမရှိဘူးလို့ခေါ်မယ်ဆိုရင်ဒီကမ္ဘာပေါ်မှာဒီထက်ပိုပြီးကျော်ကြားတဲ့ဓားကျင်ကြံခြင်းနည်းစနစ်ဆိုတာရှိမှာကိုမဟုတ်ဘူး!

[ထာဝရဝမ်းနည်းကြေကွဲခြင်း!] 

သူ့အသိစိတ်ပင်လယ်ထဲကနေအံ့အားသင့်နေသည့်အသံထွက်ပေါ်လာသည်။ဒီအချိန်မှာအချိန်ကြာမြင့်စွာအိပ်မောကျနေခဲ့သည့်ဝိဉာဉ်ပုတီးစေ့ကအမှန်တကယ်ကြီးနိုးလာခဲ့ခြင်းပင်။

ဝိဉာဉ်ပုတီးစေ့လေးကသူ့ရဲ့အံ့အားသင့်မှုကိုမဖုန်းကွယ်ထားပေ။

[《ထာဝရဝမ်းနည်းကြေကွဲခြင်း》ကနယ်မြေကြီးကိုးခုရဲ့နတ်ဘုရားမျိုးနွယ်စုကိုးခုထဲကဝမ်မိသားစုတွေ,မျိုးဆက်တစ်ဆင့်ပြီးတစ်ဆင့်လက်ဆင့်ကမ်းလာတဲ့ဓားနည်းစနစ်ပဲ...ဘယ်လိုလုပ်ဒီလိုသေးငယ်ညစ်ပတ်တဲ့နေရာလေးတစ်ခုကတစ်စုံတစ်ယောက်ကကျင့်ကြံနိုင်ရတာလဲ?ဖြစ်နိုင်တာ...ဒီကောင်စုတ်လေးကလည်းဝမ်မိသားစုဝင်ဖြစ်နေတာလား?]

လင်ရွှမ်းဇီကသူ့အသိစိတ်ထဲမှာပြန်ဖြေသည်။

[သူ့နာမည်ကဝမ်ရိထုန်;သူကဝမ်မိသားစုဝင်ဖြစ်နိုင်ခြေများတယ်]

'ဝမ်'ဆိုတာနယ်မြေကြီးကိုးခုမှာရှားပါးတဲ့မျိုးနွယ်နာမည်တစ်ခုလို့သတ်မှတ်လို့မရသော်လည်းဝမ်မျိုးနွယ်နာမည်နဲ့နာမည်အကြီးဆုံးမိသားစုကတော့နတ်ဘုရားမျိုးနွယ်စုထဲကတစ်ခုဖြစ်သည့်ဝမ်မိသားစုဖြစ်သည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now