Chapter(395) - သဟဇာတဖြစ်လှသည့် အဖွဲ့လိုက်တိုက်ပွဲ

1.8K 447 20
                                    

Unicode

အခန်း(၃၉၅) - သဟဇာတဖြစ်လှသည့် အဖွဲ့လိုက်တိုက်ပွဲ

"ဖုံးကွယ်မှော်ရတနာ"

လင်ရွှမ်းဇီက မျက်လုံးများအား ကျဉ်းမြောင်းလိုက်ပြီး ဇီဂဲဓားကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။

"ကလေးလေးတွေ, ဒါတွေအားလုံး မင်းတို့ရဲ့ အကူအညီကိုပဲ ကျေးဇူးတင်ရမှာပဲ။ မဟုတ်ရင်ယီရှန်ဘိုးဘေးနဲ့ ငါ, ကျွော့်ရှန်ဘိုးဘေးတို့က ဒီနေရာကို ဒီနေ့ ရောက်လာနိုင်မှာ မဟုတ်လောက်ဘူး"

(TN - ယီရှန်- ရွှေလျားတောင်တန်း ၊ ကျွော့်ရှန် - အထိုင်ကျတောင်တန်း)

အနက်ဝတ်နဲ့လူက မျက်လုံးများ ကျဉ်းမြောင်းလိုက်ရင်းဖြင့် ပြောလာသည်။

ယီရှန်ဘိုးဘေးက နှစ်ခေါက်လောက် ရယ်မောလိုက်ပြီး သူတို့အား အေးစက်စက် စိုက်ကြည့်လာပြန်၏။

"မင်းတို့ရဲ့ ကျေးဇူးတရားကို တုန့်ပြန်တဲ့ အနေနဲ့ ဒီနေ့ မင်းတို့ကို အလောင်းအပြည့်အစုံနဲ့ ထားပေးလိုက်ပါ့မယ်"

ယန်ထျန်းဟန်မှာ မလှောင်ပြောင်ပဲ မနေနိုင်တော့ပေ။

"ဒီလိုကျေးဇူးတင်တာမျိုးတော့ မလိုတော့ပါဘူးနော် ဟုတ်ပြီလား?"

"မင်းတို့က မလိုချင်ဘူးဆိုမှတော့..." ကျွော့ရှန်ဘိုးဘေးက ပြောသည်။

"ဒါဆို မင်းတို့ရဲ့ အရိုးတွေကို အမှုန့်ဖြစ်အောင် ချေပေးမယ်"

လင်ရွှမ်းဇီ, "..."

ဒီလိုအခြေအနေမျိုးမှာ သူတို့ရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်အောင် ဘာလို့များ ပြောနေသေးတာလဲ?

ယီရှန်ဘိုးဘေးနဲ့ ကျွော့်ရှန်ဘိုးဘေးတို့က သူတို့ကိုယ်သူတို့ မိတ်ဆက်ပြီးနောက်မှာ အုပ်စုရဲ့ နှလုံးများ မွမ်းကျပ်သွားမိသည်။

ဒီနှစ်ယောက်က မရေမတွက်နိုင်အောင် နှစ်ပေါင်းများစွာ ရှင်သန်နေကြသည့် မကောင်းဆိုးဝါး အိုကြီးများဖြစ်သည်။ သူတို့ရဲ့ ကျင့်ကြံဆင့်က နက်ရှိုင်းဘုံအဆင့်ကို ရောက်နေပြီဟု ပြောနိုင်၏။ သူတို့က တိုက်ကြီးငါးတိုက်မှာ လူသိများသည့် လေလွင့်ကျင့်ကြံသူ နှစ်ယောက် ဖြစ်သော်လည်း ဂုဏ်သတင်းကောင်းနဲ့တော့ မဟုတ်ပေ။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now