Chapter(317) - ဆေးလုံးမီးဖို ဖြစ်တည်ခြင်း

2.7K 702 43
                                    

Unicode

အခန်း(၃၁၇) - ဆေးလုံးမီးဖို ဖြစ်တည်ခြင်း

ဝမ်ရိထုန်က မေးစေ့ကို ထောက်ထားရင်း ယန်ထျန်းဟန်အား စာနာစိတ်ဖြင့် ကြည့်နေသည်။

"မင်းဆရာက မင်းကို တရားထိုင်တဲ့ နည်းလမ်း အရင်က မသင်ပေးဖူးဘူးလား?"

ယန်ထျန်းဟန်က ခေါင်းညိတ်ပြပြီး သူ့လေသံက နှိုင်းယှဉ်မရအောင် ခါးသက်နေသည်။

"ဟုတ်တယ်, နေ့တိုင်း ကျွန်တော့ဆရာ သင်ပေးထားတဲ့ လျို့ဝှက်သိုင်းကျမ်းကို အစကနေ အဆုံးထိ တစ်နေ့သုံးကြိမ် ရွတ်ပြရပြီး နစ်မြှုပ်ဓားတောင်ထွတ်က ပေါင်းပင်တွေအကုန်လုံးကို ဆွဲနှုတ်ရတယ်, အခုတော့ ဆွဲနှုတ်စရာ ပေါင်းပင်တောင် မကျန်တော့ဘူး"

ဝမ်ရိထုန်, "..."

သွမ့်ယွီယန်, "..."

တကယ်ကို သနားစရာကောင်းလိုက်တာ!

ဘယ်လိုဖြစ်လို့ နည်းနည်းဝမ်းနည်းမိပေမယ့် ရယ်ချင်စိတ်ပါ ဖြစ်နေရတာပါလိမ့်?

ယန်ထျန်းဟန်၏ ဂနာမငြိမ်တဲ့ စိတ်က တစ်နေ့တာလုံး တုန်လှုပ်နေပေမယ့် မဟာအကြီးအကဲ ဟွိုင်ယွီ၏ ထိန်းချုပ်မှုကြောင့် သူ့ကျင့်ကြံမှုနှုန်းက ကျဆင်းသွားခြင်း မရှိပေ။ ၎င်းသည် သွမ့်ယွီယန်အား ယန်ထျန်းဟန်အတွက် တကယ့်ကို ခက်ထန်တဲ့ အချစ်ကို ပေးဆောင်ချင်တဲ့ ဆရာတစ်ယောက် လိုအပ်ကြောင်း ခံစားရစေသည်။

ဝမ်ရိထုန်က ယန်ထျန်းဟန်ရဲ့ ပုခုံးလေးအား ပုတ်ပေးလေသည်။

"ငါဒီအနီးအနားက တောင်တွေပေါ်မှာ မနှုတ်ရသေးတဲ့ ပေါင်းပင်တွေ ရှိမရှိ သွားကြည့်ပေးမယ်, ဘာမှလုပ်စရာမရှိလို့ စိတ်ကူးစိတ်သန်းတွေ များပြားနေမယ့် ဒုက္ခကနေ ကယ်တင်နိုင်မှာပါ"

ယန်ထျန်းဟန်က အားလျော့စွာဖြင့် ခေါင်းလေးညိတ်ပြ၏။

ဝမ်ရိထုန် ထွက်သွားပြီးနောက်မှာ ယန်ထျန်းဟန်က သူ့စိတ်ဝိညာဉ်ကို မတင်လိုက်ပြီး သွမ့်ယွီယန်၏ ဝမ်းဗိုက်အား ဗလာဖြစ်စွာ စိုက်ကြည့်နေ၍ အထဲက ကလေးလေး အပြည့်အဝ ဖွံ့ဖြိုးနေပြီလား ဆိုတာကို ကြည့်ချင်နေမိသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now