Chapter(383) - ယွမ်မိသားစုရဲ့ အရိပ်သက်တော်စောင့်များ

2K 472 22
                                    

Unicode

အခန်း(၃၈၃) - ယွမ်မိသားစုရဲ့ အရိပ်သက်တော်စောင့်များ

ရှောင်းလင်ဖုန်းက ချင်းကျူအား ပိုမို နူးညံ့ညင်သာသည့် အကြည့်ဖြင့် ကြည့်လာပြီး သူ့လက်ချောင်းများကို မြှောက်ပြသည်။

"ငါလူတွေကို ဘယ်တော့မှ မလှည့်စားပါဘူးလို့ ကျိန်ဆိုပါတယ်"

ချင်းကျူရဲ့ အမူအယာက မပြောင်းလဲပေ။

"ဒါပေမဲ့ ငါက လူသားမဟုတ်ဘူးလေ"

ရှောင်းလင်ဖုန်း, "..."

ဘာလို့ ကျူကျီလေးက ဒီလောက်ချစ်ဖို့ ကောင်းနေရတာလဲ?

ရှောင်းလင်ဖုန်းမှာ မရယ်ပဲ မနေနိုင်တော့။

"ငါ ဝိညာဉ်ပင်တွေနဲ့ သစ်ပင်တွေကိုလည်း ဘယ်တော့မှ မလှည့်စားဘူးလို့ ကျိန်ဆိုပါတယ် အထူးသဖြင့် အမတ လမ်းစဉ် ရှာဖွေခြင်းမြက်ကိုပေါ့"

ချင်းကျူက ဟမ့်ကနဲ လုပ်လိုက်ပြီး အတော်အတန် ကျေနပ်သွားပုံရသည်။

သူကခဏလောက် စဉ်းစားလိုက်သည်။

"မင်းငါ့အတွက် ပြန်ပေးဆပ်ချင်နေတာလား?"

ရှောင်းလင်ဖုန်းက ခေါင်းညိတ်ပြသည်။

"ဝမ်းမြောက်စွာနဲ့ပါ"

ချင်းကျူက သူ့ရှေ့က ကြက်ပေါင်ရောင်းနေသည့် ဆိုင်အား လက်ညှိုးထိုးပြလိုက်ပြီး အမိန့်ပေးလိုက်သည်။

"ငါအဲ့ဒါ စားချင်တယ်။ ငါ့အတွက် သွားဝယ်ပေး"

ရှောင်းလင်ဖုန်းက ရယ်လေသည်.

"အကြီးဆုံးနဲ့ အမွှေးဆုံး ဝယ်လာပေးမယ် ဟုတ်ပြီလား?"

ချင်းကျူက ခေါင်းညိတ်ပြ၏။

"ဟုတ်တယ်, အပြင်ဘက် အရေခွံကလည်း ကြွတ်ရွနေရမယ်"

လင်ရွှမ်းဇီနဲ့ ယန်ထျန်းဟန်တို့က ချင်းကျူ အနိုင်ကျင့်ခံရမည်အား စိုးရိမ်တာကြောင့် အလျင်အမြန် ရောက်လာကြပြီး ချင်းကျူနဲ့ ရှောင်းလင်ဖုန်းတို့ အတူတူ ရှိနေသည်ကို တွေ့သွားသည်။ သူတို့က လမ်းဘေးတစ်ဖက်က ကျောက်တုံးလှေကားထစ်ပေါ်မှာ လွတ်လပ်ပေါ့ပါးစွာ ထိုင်နေကြသည်။ တစ်ယောက်က ကြက်ပေါင်ကင်အား ကိုင်ထားရင်း ပျော်ရွှင်စွာ စားသောက်နေကာ တစ်ခြားတစ်ယောက်ကတော့ အဓိပ္ပါယ် တစ်ချို့ ရှိသည့် ပုံဖြင့် ရေခဲခြစ်ခွက်ကို ကိုင်ထားသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now