Chapter(388) - အချိန်မှီကယ်ဆယ်

2.1K 463 8
                                    

Unicode

အခန်း(၃၈၈) - အချိန်မှီကယ်ဆယ်

နွယ်ပင်များ ရှုပ်ထွေးနေသည့် တောတွင်းတစ်နေရာ

"စီနီယာအစ်ကိုကြီး, ကျွန်တော်တို့က သူတို့ ပြိုင်ဘက် မဟုတ်ဘူး"

တာအိုဝတ်စုံအား ဝတ်ဆင်ထားသည့် ကျင့်ကြံသူ တစ်ယောက်က ခါးသက်နေသည့် အမူအယာ ရှိနေကာ လက်ထဲမှာ ဓားအား ကိုင်ထားပြီး အနည်းငယ် ပရမ်းပတာ ဖြစ်နေသည်။

လန်ဂျီရွှမ်က သူ့နောက်သို့ တည်ငြိမ်စွာ ပြေးသွားလိုက်ပြီး သူ့အတွက် နွယ်ပင်များအား ခုတ်ထစ်ကာ ဖယ်ရှားပေးလိုက်၏။

"ကိုယ့်ကိုကိုယ် တည်ငြိမ်အောင်နေ, သူတို့နဲ့ မင်းက ပြိုင်ဘက် မဟုတ်ဘူးဆိုရင်တောင် သူတို့ကို ပေါ့ပေါ့ဆဆ တွေးလို့ မရဘူး။ အခွင့်အရေး ရတာနဲ့ ငါတို့ ချက်ချင်းပြန်ဆုတ်မယ်"

နွယ်ပင်တစ်ခုက နောက်ထပ် ကျင့်ကြံသူတစ်ယောက်၏ ခြေကျင်းဝတ်အား ပတ်ဆွဲသွားသည်။ သူက အော်ဟစ်ရန်ပင် အချိန်မရလိုက်ပဲ နွယ်ပင်၏ ဇောက်ထိုးဆွဲခြင်းအား လျင်မြန်စွာ ခံလိုက်ရလေသည်။ သူက အလွန်ကြောက်သွားတာကြောင့် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အတော်လေးကို ဖရိုဖရဲ ဖြစ်နေသည့် အခြေအနေနဲ့ ပြန်ပြုတ်ကျလာသည်။

"စီနီယာအစ်ကိုကြီး, ကျွန်တော့်ကို ကယ်ပါဦး! အားးးးး!"

လန်ဂျီရွှမ်သည် လောလောဆယ်မှာ နွယ်ပင်တစ်ချို့၏ ဝိုင်းရံခြင်းအား ခံထားရသည်။ ထိုအချိန်မှာ သူသည်လည်း စိတ်ခံစားချက်၏ ပြင်းထန်သော သက်ရောက်မှုကို ခံနေရပြီး တိုက်ခိုက်မှုအပေါ် နစ်နစ်နဲနဲ ဝင်နေသည်။ သို့ပေမယ့် သူ့ရဲ့ ဂိုဏ်းတူညီလေး သေသွားမှာကိုတော့ ဒီအတိုင်း ရပ်မကြည့်နိုင်ပေ။ ထို့ကြောင့် သူ့အောက်နှုတ်ခမ်းအား ကိုက်လိုက်ပြီး လက်စည်းတံဆိပ်တစ်ခု ဖော်ဆောင်၍ ပါးလွှာသော လေထုထဲကနေ သူ့လက်ဖဝါးအား သုံးပြီး နွယ်ပင်များကို ဖြတ်တောက်ပစ်လိုက်သည်။

ပြီးတာနဲ့ ချက်ချင်းပဲ စက္ကန့်ပိုင်းလောက်သာ တုံ့ဆိုင်းလိုက်ပြီး သူ့လက်ညှိုးကို ပြတ်ပြတ်သားသား ကိုက်ချလိုက်၍ သွေးတစ်စက် ထုတ်လိုက်ကာ သူ့နှုဖူးအား ထိလိုက်သည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now