Chapter(354) - ဟွိုင်ယွီနိုးလာပြီ

2.4K 573 7
                                    

Unicode

အခန်း(၃၅၄) - ဟွိုင်ယွီနိုးလာပြီ

ဝိညာဉ်ပြားက အနည်းငယ် စိတ်လှုပ်ရှားသွားပုံဖြင့် လင်ရွှမ်းဇီရဲ့ လက်မောင်းကို လှမ်းဆွဲလာသည်။

"ငါတကယ်ပဲ တိုက်ကြီးငါးတိုက်ကနေ ထွက်သွားနိုင်တာလား?"

လင်ရွှမ်းဇီက ခေါင်းညိတ်ပြသည်။

"သဘာဝကျကျပဲ အဲ့ဒါက အမှန်တရားပဲ, ပြီးတော့ မင်းကျေးဇူးကြောင့် ငါလည်း မင်းနဲ့အတူ တိုက်ကြီးငါးတိုက်ကနေ ဝိညာဉ်ကိုယ်ထည်ဘဝနဲ့ ထွက်သွားခွင့် ရခဲ့တယ်"

ဝိညာဉ်ပြားက ရုတ်တရက် ပျောက်ကွယ်သွားသည်။

လင်ရွှမ်းဇီက နေရာမှာတင် ခဏမျှ ဆက်ရပ်နေ၏။ ဝိညာဉ်ပြားက သူ့ရှေ့မှာ နောက်တစ်ဖန် တစ်ဖြည်းဖြည်း ပြန်ပေါ်လာပြန်သည်။

ဝိညာဉ်ပြားရဲ့ မျက်လုံးများက အနည်းငယ် နီရဲနေကာ ကြည့်ရတာ ငိုကြွေးထားပုံပေါ်သည်။

လင်ရွှမ်းဇီက တိုက်တွန်းသည်။

"ငိုချင်ရင် ငိုချလိုက် ငါမင်းကို ရယ်မှာ မဟုတ်ဘူး, ဘာလို့ ပုန်းဖို့နေရာ လိုက်ရှာနေရသေးတာလဲ?"

ဝိညာဉ်ပြားရဲ့ လည်ပင်းက တောင့်တင်းသွားပြီး ငြင်းဆန်လာသည်။

"ဒီအရှင်သခင် ငိုတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? မင်းက ကန်းနေတာလား?"

လင်ရွှမ်းဇီ က တိတ်တဆိတ်သာ တုံ့ပြန်သည်။

"အရင်ဘဝကလည်း တိုက်ကြီးငါးတိုက်က ထွက်သွားနိုင်တယ်ဆိုတာကို သိသွားတော့ ဒီလိုပဲ ဖြစ်ခဲ့တာပဲ"

ဝိညာဉ်ပြား, "..."

သောက်ကျိုးနည်း ကောင်စုတ်လေး!

စဉ်းစားကြည့်ရင်တော့  အဓိပ္ပါယ် ရှိပါတယ်။ ဝိညာဉ်ပြားက တိုက်ကြီးငါးတိုက်မှာပဲ သေဖို့ ပြင်ဆင်ထားပြီးနေပြီလေ။ အစကတော့ သူတိုက်ကြီးငါးတိုက်ကနေ ထွက်သွားဖို့ ကြိုးစားနေခဲ့ပေမယ့် နောက်ပိုင်း ဝိညာဉ်ပြားထဲက တကယ်ပဲ ထွက်သွားလို့ မရဘူးဆိုတာ သိလိုက်ရတဲ့အချိန်မှာ သူ့ရဲ့ တိုက်ခိုက်ချင်စိတ်တွေက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ရတယ်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now