Chapter(370) - ဇီဂဲက နေရာမှန်ကို ပြန်ရောက်လာပြီ

2.3K 581 34
                                    

Unicode

အခန်း(၃၇၀) - ဇီဂဲက နေရာမှန်ကို ပြန်ရောက်လာပြီ

သူ့ရဲ့ အနှစ်တစ်ထောင် သက်တမ်းတစ်လျှောက်လုံးက အထီးကျန်မှုနဲ့ နောင်တ တရားတွေကြားကနေ ကမ္ဘာကြီးရဲ့ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေကို မျက်မြင်တွေ့ခဲ့ရပြီး အခက်အခဲများစွာကို တွေ့ကြုံခဲ့ရင်းနဲ့ အတက်အကျ မြောက်မြားစွာကို ကြုံစုံခံစားရပြီးနောက်မှာတော့ လင်ရွှမ်းဇီသည် သူ့ရဲ့ ပုံပျက်ပန်းပျက် ဘဝအား ပြောင်းပြန်လှန်နိုင်ရန် ဒီနေရာမှာ တစ်ဖန် ရပ်တည်နေခဲ့ပြီပင်။

လင်ရွှမ်းဇီ၏ နှလုံးသားက အလွန်တည်ငြိမ်နေ၏။

သူက လက်ကိုမြှောက်လိုက်ပြီး တုချီယင်း၏ ခန္တာကိုယ်ထဲမှာ စာချုပ်တစ်ခု ဖန်တီးလိုက်သည်။ ထို့နောက် စကားလုံးတိုင်းအား မာကြောခက်ထန်စွာနဲ့ ပြောလာခဲ့လေသည်။

"တုချီယင်း, ဒီနေ့ ငါမင်းကို မသတ်ခဲ့တာက ကြင်နာမှုကြောင့်လည်း မဟုတ်သလို ဘယ်သူ့ရဲ့ မျက်နှာကြောင့်မှလည်း မဟုတ်ဘူး ရွံ့နွံထဲကို ပြုတ်ကျသွားခဲ့ရရင်းနဲ့ ကျိုးပျက်နေတဲ့ ခန္တာကိုယ်ကို တရွတ်တိုက်ဆွဲပြီး လူတွေ နင်းချေလို့ ရတဲ့ ပုရွက်ဆိတ် ဒါမှမဟုတ် ဖုန်မှုန့်တစ်စဖြစ်လာရတဲ့ နာကျင်မှုကို ခံစားစေချင်ရုံ သက်သက်ပဲ! အခုချိန်ကစပြီး အကယ်၍ မင်းသာ ငါ့အကြောင်း စကားတစ်ခွန်းလောက် မဆင်မခြင် ပြုမူရဲရင်တောင် မင်းရဲ့ ခန္တာကိုယ်ထဲက စာချုပ်က သေပါရစေလို့ ဆုတောင်းရတဲ့အထိ ညှင်းပန်းနှိပ်စက်လိမ့်မယ်, အသက်ရှင်ဖို့အတွက် ခွန်အားမရှိပေမယ့် သေလို့လည်း မရဘူး"

တုချီယင်းက ချက်ခြင်းပင် အလွန်တုန်လှုပ်သွားခဲ့သော်လည်း ထပ်တလဲလဲ ဦးချနေသည်။

"ငါနားလည်ပါပြီ , ငါနားလည်ပါပြီ။ မင်းအကြောင်း စကားလုံး တစ်ဝက်လောက်တောင် ထုတ်မပြောရဲပါဘူး ပြီးတော့ မင်းကိုလည်း သေချာပေါက် လက်တုံ့မပြန်ရဲတော့ပါဘူး!"

လင်ရွှမ်းဇီသည် သူ့ရဲ့ စုတ်ပြတ်သတ်နေပြီး ပင်ပန်းနွမ်းနယ်နေသည့် အသွင်အပြင်အား ခဏမျှ ရပ်ကြည့်ပြီးနောက်မှာ ဖုန်မှုန့်လေး တစ်စပင် မစွန်းထင်းပဲ လှည့်ကာထွက်သွားတော့၏။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now