Chapter(266) - နက်ရှိင်းကောင်းကင်ရဲ့ဓားလေးဖော်

3.7K 785 21
                                    

Unicode

အခန်း(၂၆၆) - နက်ရှိင်းကောင်းကင်ရဲ့ဓားလေးဖော်

ဟိုင်ခွမ်းလောင်သည်တကယ့်ကိုသူ့ဘာသာသူနင်သွားရသည်။

သူအရင်တုန်းကလင်ရွှမ်းဇီနဲ့တစ်ယောက်ချင်းတိုက်ဖို့အမြဲတမ်းပြောခဲ့ပေမယ့်လင်ရွှမ်းဇီကလည်းအမြဲတမ်းငြင်းဆန်ခဲ့သည်။ထိုကောင်လေးသူ့ကိုပေးခဲ့တဲ့အကြောင်းပြချက်ကပိုပြီးတောင်မုန်းစရာကောင်းသည်။

ထိုအချိန်တုန်းကသူကအမူအယာမဲ့စွာနဲ့ပြောလာသည်မှာ

"ခင်ဗျားကဓားမသုံးဘူးကျုပ်တို့လိုဓားကျင့်ကြံရေးသမားတွေကဓားလမ်းကြောင်းကမဟုတ်တဲ့သိုင်းပညာရှင်တွေနဲ့ဘယ်တော့မှယှဉ်ပြိုင်မှာမဟုတ်ဘူးအဲ့ဒါကဈေးပေါလွန်းတယ်" ဟု

ကြားကြလား?ဟွားရုန်အမတဓားသခင်ရဲ့စကားတွေကိုနားထောင်ကြည့်ကြစမ်းပါ...ဒါအရိုက်ခံချင်လို့တောင်းဆိုနေတာပဲမဟုတ်ဘူးလား?အဲ့ဒါကအရမ်းကိုအရှက်မမဲ့လွန်းဘူးလား?သူကဓားကျင့်ကြံရေးသမားတွေအတွက်ရန်လိုမှုတွေဆွဲခေါ်လာပေးတာမှာအရမ်းမတော်လွန်းဘူးလား?

ဟိုင်ခွမ်းလောင်ကလင်ရွှမ်းဇီအားမျက်လုံးများမှေးကျဉ်း၍ခြုံငုံကြည့်သည်။

လင်ရွှမ်းဇီကလည်းတည်ငြိမ်စွာနဲ့ပဲကြည့်ခွင့်ပေးထားလိုက်သည်။.

နက်ရှိုင်းကောင်းကင်ဂိုဏ်းရဲ့သိုင်းပညာတောင်သုံးလုံးထဲမှာကျိုးပျက်ဓားတောင်ထွတ်ကအလေးနက်ဆုံးတစ်ခုဖြစ်သည်။ချိုးဖြတ်ဓားတောင်ထွတ်ကတော့သူ့အသက်အရွယ်မှာအေးဆေးတည်ငြိမ်လွန်းသည့်ယွမ်ထျန်းဝမ်ကအပြည့်အဝထိန်းချုပ်ထားသည်။သို့သော်နစ်မြှုပ်ဓားတောင်ထွတ်ကတော့သူတို့ဆရာသခင်ကသူတို့ကိုအဆင်ပြေသလိုအရွယ်ရောက်အောင်လွှတ်ထားတာကြောင့်ဝံ့ကြွားတတ်တဲ့သူ၊ကြိုတင်ခန့်မှန်းလို့မရတဲ့သူများနဲ့တွေ့ရခဲလှသည့်တပည့်အများဆုံးရှိသောနေရာဖြစ်နေသည်။

ယန်ထျန်းဟန်ကလင်ရွှမ်းဇီရှေ့ကိုတိတ်တဆိတ်ဝင်ရပ်လိုက်ပြီးဟိုင်ခွမ်းလောင်ရဲ့မျက်လုံးရှေ့မှာကားဆီးလိုက်သည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now