Chapter(366) - မက်မွန်သီးလက်ဆောင်

2.5K 545 7
                                    

Unicode

အခန်း(၃၆၆) - မက်မွန်သီးလက်ဆောင်

"ကျွတ်စ်" မဟာအကြီးအကဲ ဟွိုင်ယွီက သူ့မေးသူ ထိလိုက်ကာ

"ငါက မင်းအစ်ကိုကြီးကို ပိုပြီးလေ့လာစေချင်ယုံပဲလေ။ အဲ့ဒီလိုပြောမှ ငါ့စီနီယာအစ်ကိုကြီးက မင်းကို ဘာတွေများ သင်ပေးနေလို့လဲ? သူက ဓားသိုင်းလမ်းကြောင်းကိုတောင် ကျင့်ကြံတာ မဟုတ်ဘူးလေ အဲ့ဒါကြောင့် မင်းကို ဘာအကြံမှ ပေးနိုင်မှာ မဟုတ်လောက်ဘူး မှတ်လား?"

လင်ရွှမ်းဇီက ခဏလောက် စဉ်းစားလိုက်သည်။

"ဆရာက ကျွန်တော့ကို ဓားသိုင်း မသင်ပေးပေမယ့် လမ်းညွှန်ထောက်ပြမှုတွေတော့ အများကြီး လုပ်ပေးပါတယ်"

မဟာအကြီးအကဲ ဟွိုင်ယွီက မျက်ခုံးပင့်လိုက်ပြီး လင်ရွှမ်းဇီအား မယုံကြည်နိုင်သည့် မျက်လုံးများဖြင့် ကြည့်လာသည်။

"သူ တပည့်တွေ မွေးတာက မင်းအပါအဝင် အားလုံးက အပျော်သက်သက်ပဲ။ သူ့မှာ ရှိတဲ့ ဘယ်တပည့်ကိုများ သူတို့ကြိုက်တာလုပ်ပြီး သူ့တို့ဘာသာ လေ့ကျင့်ခွင့် မပြုထားတာမို့လို့လဲ?"

လင်ရွှမ်းဇီက အပြုံးလေးဖြင့် ပြန်ဖြေသည်။

"ဆရာက စစ်တုရင် ကစားဖို့အတွက် ကျွန်တော့်ကို ရှာတယ် ပြီးတော့ သူ့နည်းဗျူဟာတွေက အရမ်းနက်နဲလွန်းတယ်။ သူနဲ့ စစ်တုရင် ကစားပြီးတာနဲ့ အမြဲတမ်း ဉာဏ်အလင်း ပွင့်သွားတာကြီးပဲ။ အရင်တုန်းက နားမလည်ခဲ့တဲ့ အရာမှန်သမျှကို နောက်ပိုင်းမှာ အမြဲတမ်း နားလည်သွားတယ်လေ"

မဟာအကြီးအကဲ ဟွိုင်ယွီသည် မနေနိုင်စွာပင် နှုတ်ခမ်းကို ကိုက်လိုက်ပြီး လင်ရွှမ်းဇီအား သံသယဖြင့် ကြည့်လာလေသည်။

"မင်းကို သင်ပေးနိုင်သမျှ အားလုံးထဲမှာမှ သူက မင်းကို နည်းဗျူဟာတွေ သင်ပေးတယ်ပေါ့။ ဒါဆို သူနဲ့အတူ စစ်တုရင် ကစားရင် အချိန်ဘယ်လောက်ထိ ကြာတတ်လဲ?"

လင်ရွှမ်းဇီက ပြန်ဖြေသည်။

"ပထမပွဲက ဆယ်ရက်ကြာပြီး ဒုတိယပွဲက ဆယ့်ငါးရက်ကြာတယ်"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now