Chapter(201) - အရူးဟွမ်ဖူ

5K 1K 77
                                    

Unicode

အခန်း(၂၀၁) - အရူးဟွမ်ဖူ

လင်ရွှမ်းဇီမှာဒေါသထွက်မိသလို စိတ်လည်းပျက်ခဲ့မိသည်;ယန်ထျန်းဟန် ကပြုပြင်လို့မရဘူးဟုခံစားခဲ့ရ၏။

ထိုအချိန်မှာစ၍သူယန်ထျန်းဟန်နဲ့ အဆက်အသွယ်အားလုံးကိုလုံးလုံး လျားလျားဖြတ်တောက်ခဲ့ခြင်းပင်။

ပြီးတော့ဟွမ်ဖူဂျင်ကဒါတွေအားလုံး မှာဘယ်နေရာကပါဝင်ကစားခဲ့လဲ?

လင်ရွှမ်းဇီကနောက်ဆုံးမှာယန်ထျန်းဟန် အားသူ့လက်နဲ့ပဲသတ်ခဲ့မိပြီးဟွမ်ဖူဂျင်က တော့အသက်ရှင်နေတဲ့လူတစ်ယောက်နဲ့ အလောင်းတစ်လောင်းကိုကြည့်ကာ အရူးတစ်ယောက်လိုရယ်မောပြီးပြော ခဲ့သည်။

"ယန်ထျန်းဟန်က.....သေချာပေါက် လူကောင်းတစ်ယောက်မဟုတ်ပေမဲ့ သူကျူးလွန်ခဲ့တဲ့အပြစ်ကသေရလောက် တဲ့အထိမပြင်းထန်ဘူး...အားရွှယ်ကမင်း ကိုကြိုက်တယ်ဒါပေမဲ့မင်းကသူ့ကိုမလို ချင်တဲ့အပြင်တစ်ချက်လေးတောင်ပြန် မကြည့်ခဲ့ဘူးအဲ့ဒီအစားမင်းကဒီလူနဲ့ပဲ အတူတူနေဖို့ပြောခဲ့တယ်...အခုအားရွှယ် လည်းသေသွားပြီဆိုတော့ငါလည်းမင်းကို မင်းဆန္ဒအတိုင်းဖြစ်သွားခွင့်မပြုနိုင်ဘူးလေ...လင်ရွှမ်းဇီ...ကိုယ်ချစ်တဲ့သူတစ်ယောက် ကိုဆုံးရှုံးခဲ့ရတဲ့ခံစားချက်ကဘယ်လိုနေလဲ?"

ယန်ထျန်းဟန်ရဲ့သေဆုံးမှုကဟွမ်ဖူဂျင်ရဲ့ အမှားကြောင့်မဟုတ်ပဲသူ့ကိုတကယ် တမ်းထိခိုက်နစ်နာစေအောင်လုပ်ခဲ့တာ ကတစ်ခြားသူတစ်ယောက်ဖြစ်သည်။

သို့သော်ဟွမ်ဖူဂျင်သည်လည်းမီးထဲ လောင်စာထပ်ဖြည့်သည့်ကဏ္ဍမှာ ပါဝင်ခဲ့သည်ပင်။

အတိတ်တုန်းကရောလက်ရှိမှာရော အကျိုးရှိလို့အကြောင်းဖြစ်တဲ့အရာ တွေကလာလိုက်သွားလိုက်ဖြစ်နေခဲ့သည်။

လင်ရွှမ်းဇီကသူ့ရှေ့ကနူးညံ့သိမ်မွေ့ပြီး ပိန်ပါးလှသည့်လူငယ်လေးအားကြည့် ကာလက်ကိုဆန့်ထုတ်၍သူ့ပါးလေးကို ညင်ညင်သာသာထိလိုက်ပြီးပြောလိုက် သည်။

"သူနဲ့ငါ....သဘောထားကွဲလွဲမှုတွေရှိ တယ်...စကားအနည်းငယ်လောက်က သူ့ကိုမသက်မသာပဲခံစားရစေမှာပါ ဘာမှအရေးတစ်ကြီးမဟုတ်ဘူး" 

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now