Chapter(295) - ချင်းကျူရဲ့အတိတ်

3.7K 804 64
                                    

Unicode

အခန်း(၂၉၅) - ချင်းကျူရဲ့အတိတ်

ယန်ထျန်းဟန်က ခဏလောက် စဉ်းစားလိုက်သည်။

"အကိုကြီး, တကယ်တော့ အကုန်လုံးကို အစောကတည်းက စီစဉ်ပြီးသားမှတ်လား?"

လင်ရွှမ်းဇီက မျက်ခုံးမြှင့်ပြီး ပြန်ကြည့်သည်။

"ငါက ဘာကိုစီစဉ်ရမှာလဲ?"

"ကျွန်တော်တို့တွေ အဲ့ဒီ စွမ်းအားကြီးတဲ့ မီးတောက်တွေကို သယ်ဆောင်ထားတဲ့အတွက် မနာလိုဖြစ်ခံရမယ်ဆိုတာကို အကိုကြီးက ဟိုးတုန်းကတည်းက သိထားပြီးသား, အဲဒါက သေချာပေါက် လုံခြုံမှာ မဟုတ်ဘူး ဒါပေမဲ့ အကယ်၍ ကျွန်တော်တို့ ဂိုဏ်းထဲ ဝင်လိုက်မယ်ဆိုရင်တော့ အားကောင်းတဲ့ နောက်ခံရှိသွားပြီ, အကယ်၍ တစ်ယောက်ယောက်က ကျွန်တော်တို့ကို ဆုကြေးထုတ်လိုက်မယ် ဆိုရင်တောင်မှ အလွယ်တကူတော့ မဖြစ်နိုင်တော့ဘူးလေ"

လင်ရွှမ်းဇီက ခေါင်းညိတ်ပြသည်။

"ဂိုဏ်းတစ်ခုတည်းမဟုတ်ဘူး, တစ်ခြားစီစဉ်မှုတွေလည်း ရှိသေးတယ်, ဒါပေမဲ့လည်း ဒါက နိယာမသက်သက်ပါပဲ, ငါက အဲ့ဒါတွေအတွက် တိုက်ခိုက်ရဲတယ် ဆိုမှတော့ လွတ်မြောက်ရာလမ်းကိုလည်း ရှာတွေ့ထားလို့ပေါ့"

ယန်ထျန်းဟန်က သက်ပြင်းချသည်။

ချင်းကျူက နှစ်သိမ့်ပေး၏။

"အားဟန်လေး ကြောက်နေစရာ မလိုပါဘူး, မင်းကို ကာကွယ်ပေးဖို့ ငါလူတွေအများကြီး ပိုလွှတ်ထားပေးမယ်"

ယန်ထျန်းဟန်က ခေါင်းခါပြသည်။

"ကျွန်တော်ကြောက်လို့ မဟုတ်ပါဘူး, ဒီအတိုင်း ခံစားရလို့ သက်ပြင်းချမိတာ"

"ဘာအတွက်လဲ?"

"ဒီလောက် ငယ်ငယ်လေးနဲ့ ဆုကြေး ထုတ်ခံရမယ်လို့ မမျှော်လင့်ခဲ့မိဘူးလေ" ယန်ထျန်းဟန်က အလွန်ကို ဂုဏ်ယူဝံ့ကြွားနေဟန်ဖြင့် သူ့မေးစေ့လေးကို ထိပြီး ဆက်ပြောသည်။

"ကျွန်တော်က အသက်အငယ်ဆုံးနဲ့ ဆုကြေးစာရင်းထဲ ပါသွားတဲ့အတွက် စံချိန်အသစ်တစ်ခု တင်သွားလောက်ပြီ ဟုတ်တယ်မှတ်လား? ဒီလိုအမှတ်ရစရာ အဖြစ်အပျက်အတွက် အထူးမှတ်တမ်းတင်တဲ့သူမျိုးများ ရှိလား? မဟုတ်ရင် အကယ်၍ နောက်နှစ် အနည်းငယ်လောက်မှာ ကျွန်တော့ကို မေ့သွားကြရင်တော့ ဆိုးတာပဲ"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now