Chapter(259) - ဟန်မိသားစုရဲ့ခက်ခဲသောအခြေအနေ

4.5K 927 45
                                    

Unicode

အခန်း(၂၅၉) - ဟန်မိသားစုရဲ့ခက်ခဲသောအခြေအနေ

ယွမ်ထျန်းဝမ်ကသွမ့်ယွီယန်ရဲ့လက်လေးကိုဆိတ်လိုက်သည်။

"စိတ်မပူပါနဲ့,ကိုယ့်ပါးပါးလိုလူမျိုးကဘယ်တော့မှမရှုံးဘူး...သူကတစ်ယောက်တည်းနဲ့တောင်ယွမ်မိသားစုတစ်ခုလုံးကိုသူ့အိတ်ကပ်ထဲထည့်ထားနိုင်တာ..သူဘယ်လောက်အင်အားကြီးလဲဆိုတာမင်းသိသင့်တယ်...ဘယ်လိုလုပ်ဟန်မိသားစုကအကြီးအကဲလောက်ကကိုယ့်ပါးပါးကိုဆန့်ကျင်နိုင်မှာလဲ?"

သွမ့်ယွီယန်သည်လည်းဆုမိုဘယ်လောက်အင်အားကြီးလဲသိပေမယ့်အဲ့ဒါကသူစိတ်မပူဘူးလို့တော့မဆိုလိုဘူးလေ...

သွမ့်ယွီယန်ကမျက်မှောင်ကျုံ့လိုက်သည်။

"ဦးလေးဆုမိုဘယ်လိုဖြေရှင်းလိုက်လဲ?"

ယွမ်ထျန်းဝမ်ကပြုံးသည်။

"ဟန်မိသားစုအကြီးအကဲတွေကိုယ်တို့တံခါးဆီဆက်တိုက်လာကန်ကျောက်နေတဲ့အချိန်မှာကိုယ့်ပါးပါးကသူတို့ကိုနက်ရှိုင်းကောင်းကင်ဂိုဏ်းရဲ့အတွင်းစည်းတပည့်အဖြစ်တိုက်ရိုက်ဝင်ရောက်နိုင်မယ့်နေရာနှစ်နေရာကိုပေးလိုက်တယ်လေ...သူကဟန်မိသားစုရဲ့နောက်တက်မယ့်သခင်လေးကိုလေ့ကျင့်သင်ကြားပေးဖို့နဲ့ငွေရေးကြေးရေးအရအကျိုးကျေးဇူးအချို့ကိုပေးအပ်ချင်ကြောင်းလည်းပြောလိုက်တယ်..အဲ့ဒီကတည်းကဟန်မိသားစုကသူတို့ပါးစပ်ကိုသဘာဝကျကျပဲပိတ်လိုက်ကြပြီးဘယ်သူမှဟန်ယူရန်အကြောင်းထပ်မပြောကြတော့ဘူး"

လင်ရွှမ်းဇီသည်လည်းစိတ်ဝင်စားမှုတစ်ချို့ထုတ်ပြလာသည်။

"ဟန်မိသားစုရဲ့နောက်တက်မယ့်သခင်လေးကဘယ်သူ့ကိုရွေးလိုက်တာလဲဆိုတာကိုရောသိလား?"

ယွမ်ထျန်းဝမ်ကခေါင်းညိတ်ပြသည်။

"ခင်ဗျားပြောစရာတောင်မလိုဘူးကျုပ်သိပြီးသားပဲ...ကျုပ်တို့အရင်ကတွေ့ဘူးတယ်...အဲ့ဒီကောင်လေးနာမည်ကဟန်ကျင်းတဲ့....သူကဒီနှစ်မှခုနှစ်နှစ်ပဲရှိသေးတာပြီးတော့စကားပြောတာတွေရယ်တာတွေမကြိုက်ဘူး...သူ့ကိုကြည့်ရတာလူ့ကန့်လန့်လေးလိုပဲဒါပေမဲ့ကျင့်ကြံခြင်းမှာတော့ပါရမီရှင်ပဲ...အကယ်၍သူ့ကိုသာလေ့ကျင့်ပေးလိုက်ရင်အနာဂတ်မှာဟန်မိသားစုရဲ့ရှေ့တန်းသမားဖြစ်လာလိမ့်မယ်ဒါပေမဲ့ကြိုးတော့ကြိုးစားရမှာပေါ့လေ"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now