Chapter(200) - ညီမျှတဲ့လဲလှယ်မှု

5.8K 1K 25
                                    

Unicode

အခန်း(၂၀၀) - ညီမျှတဲ့လဲလှယ်မှု

သတင်းလာပို့တဲ့သူကိုပြန်ပို့လိုက် ပြီးနောက်လင်ရွှမ်းဇီကယန်ထျန်းဟန် ပုခုံးကိုပုတ်လိုက်သည်။

"အပြင်သွားပြီးကုန်ကြမ်းတစ်ချို့ သွားဝယ်ရအောင်ဒီသုံးရက်မှာ ကိရိယာတစ်ခုထွင်းထုဖို့စီစဉ်ထားလို့"

ယန်ထျန်းဟန်ကခေါင်းညိမ့်ပြလိုက် ပြီးအားပိုင်အားအောက်ချကာ လင်ရွှမ်းဇီနှင့်အတူလိုက်သွားလိုက်သည်။

ဒီနေ့မနက်အစောပိုင်းလောက်က ယန်ထျန်းဟန်သန့်စင်ခဲ့တဲ့ဆေးလုံး နှစ်လုံးအားအဓိကမိသားစုများမှ ပိုက်ဆံတော်တော်များများပေးပြီး ဝယ်ယူသွားခဲ့သည်။သိပ်မကြာခင် တုန်းကလည်းလင်ရွှမ်းဇီကဝိုင်ခွက် များစွာကိုအလျင်အမြန်ထွင်းထုပြီး သယ်ယူပို့ဆောင်ရေးငှက်များမှ တစ်ဆင့်ချင်မြို့သို့ပို့ပေးလိုက်ပြီ ဖြစ်တာကြောင့်ငွေတော်တော်များ များစုဆောင်းနိုင်ခဲ့သည်။ထိုအဖြစ် များကသူတို့သုံးရန်ငွေလုံလုံလောက် လောက်ရှိသွားစေသည်။

အရင်တုန်းကသူတို့ကမြို့အနောက် ပိုင်းကိုသာလှည့်ပတ်သွားလာခဲ့တာ ဖြစ်သောကြောင့်လင်ရွှမ်းဇီကဒီနေ့ တော့ယန်ထျန်းဟန်ကိုမြို့အရှေ့ဘက် ပိုင်းသို့ခေါ်သွားလိုက်သည်။

အရှေ့ဘက်မြို့ရဲ့အပြင်အဆင်သည် မြို့အနောက်ဘက်ပိုင်းအပြင်အဆင် နှင့်တော်တော်လေးခြားနားသည်။ ၎င်းသည်အကန့်အသတ်မရှိသည့် စွဲမက်ဖွယ်ကောင်းသောလေထုကို ပိုင်ဆိုင်ထားပြီးအဆောက်အဥိးအ များစုရဲ့တည်ဆောက်ပုံအဓိကအရောင် ကအနက်ရောင်များသာဖြစ်သည်။ အဲ့ဒါကတစ်ချက်ကြည့်တာနဲ့တင် ကျိန်းသေပေါက်ဟွမ်ဖူမိသားစုပုံစံပင်။

ဟွမ်ဖူမိသားစုကအမြဲတမ်းဓားလမ်း ကြောင်းကိုသာလေးစားကြည်ညို ကြပြီးသူတို့ရဲ့ဘိုးဘွားပိုင် Breaking Sunဓားကမျိုးဆက်တစ်လျောက် လက်ဆင့်ကမ်းလာခဲ့ကြပြီးဟွမ်ဖူ မိသားစု၏အဖိုးတန်ရတနာဖြစ်သည်။ အလားတူပင်သူတို့၏《Breaking Sun Swordsmanship》သည်လည်း ကျင့်ကြံရေးလောကမှာအမြင့်ဆုံး ရတနာအဖြစ်သတ်မှတ်ခဲ့ကြပြီးလူ အများစုကထိုအရာကိုလိုချင်ခဲ့ကြ သော်လည်းဟွမ်ဖူမိသားစု၏ဂုဏ် သတင်းကြောင့်ဘယ်သူမှသူတို့ကို ရန်မစရဲကြပေ။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now