Chapter(381) - နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲက ပြောင်းလဲမှု

2K 460 15
                                    

Unicode

အခန်း(၃၈၁) - နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲက ပြောင်းလဲမှု

အကောင်းဘက်က လှည့်ပြောရရင်တော့ အတင်းအကြပ် ဖိအားပေးခံရတယ်လို့ ဆိုနိုင်ပြီး ပိုမိုတိုက်ရိုက်ကျကျ ပြောရရင်တော့ ဂျီယွန်ဝေက နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲကနေ မောင်းထုတ်ခံလိုက်ရခြင်းသာ

အားကျူကို တွေ့ဖို့ မပြောနဲ့ ဘာစကားမှတောင် မပြောနိုင်ခဲ့ဘူး

ဒါပေမဲ့ ဂျီယွန်ဝေကလည်း မျက်နှာလိုချင်သေးတယ်လေ

ဘာဆက်လုပ်ရမလဲ ဆိုတာကို သူသိပြီးနေပြီ။ တစ်ဖက်မှာတော့ အမြီးကိုးချောင်းမြေခွေးက သူ့မိသားစုကို နာကျင်အောင် လုပ်မှာ စိုးရိမ်မိတယ်။ တစ်ခြားတစ်ဖက်မှာတော့ သူနဲ့ အမြီးကိုးချောင်းမြေခွေးရဲ့ အနာဂတ်ကို နက်နက်နဲနဲ စိုးရိမ်ပူပန်မိတယ်။

နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲမှာ မကောင်းဆိုးဝါးကြီးတစ်ကောင်  ကြီးစိုးနေပြီး လက်ရှိအတားအဆီးကို ဖန်တီးထားတာ ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာကတည်းက ဂျီယွန်ဝေက ဒီကောလဟာလကြောင့် အမြီးကိုးချောင်းမြေခွေးကို ပစ်မှတ်ထားပြီး ဖိနှိပ်လာမှာ စိုးရိမ်စပြုလာမိတယ်လေ။ အဲ့ဒီအတွေးနဲ့တင် ဂျီယွန်ဝေရဲ့ နှလုံးသားက ကွဲကြေသွားသည်ဟုပင် ဆိုနိုင်သည်။

လင်ရွှမ်းဇီက ခဏလောက် စဉ်းစားလိုက်၏။

"မနက်ဖြန်ကြရင်, ငါတို့ နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲကို သွားကြည့်ကြတာပေါ့။ အကယ်၍ အမြီးကိုးချောင်းမြေခွေးနဲ့ တွေ့ခွင့်ရမယ့် အခွင့်အရေးရှိရင် သူ့ကို ဘာတွေထပ်ပြီး မှတ်မိသေးလဲလို့ မေးလိုက်မယ်"

ဂျီယွန်ဝေက လင်ရွှမ်းဇီအား လေးလေးနက်နက် ကြည့်လိုက်သည်။

"အားကျူက မင်းကိုလည်း မှတ်မိနေတယ် ; ဒါပေမဲ့ သူက မင်းနဲ့ ပတ်သတ်ပြီး ဘာမှထုတ်မပြောတာက ထုတ်ပြောဖို့ တားမြစ်ခံထားရသလိုပဲ။ ဘာကြောင့်မှန်း မသိပေမယ့် မင်းဘာသာမင်း ရှင်းရှင်းလင်းလင်း မေးတာ ပိုကောင်းလိမ့်မယ်ထင်တယ်။ အဲ့ဒါဆို အကယ်၍များ အနာဂတ်မှာ မကောင်းတာ တစ်ခုခု ကြုံဖို့ ဖြစ်လာခဲ့ရင် ဖြစ်လာနိုင်မယ့် အရာတွေကို ကြိုတင်ပြီး ရှောင်ရှားဖို့ ပြင်ဆင်လို့ ရတာပေါ့"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now