Chapter(258) - ယွမ်မိသားစုရဲ့အတွင်းရေး

4.4K 940 125
                                    

Unicode

အခန်း(၂၅၈) - ယွမ်မိသားစုရဲ့အတွင်းရေး

သွမ့်ယွီယန်မှာရုတ်တရက်သူ့နှာခေါင်းထဲမှချဉ်စူးစူးဖြစ်လာသလိုခံစားရကာယွမ်ထျန်းဝမ်ကိုကြည့်လိုက်ရင်းအသံတိုးတိုးလေးနဲ့မေးလိုက်၏။

"ကျွန်တော်ဒီကလေးကိုမလိုချင်ဘူးဆိုရင်ရောခင်ဗျားဘယ်လိုစဉ်းစားမှာလဲ?"

"အကယ်၍မင်းဒီကလေးကိုမလိုချင်ဘူးဆိုရင်ကိုယ့်လက်ထဲမှာစိတ်ချရတဲ့ဆေးညွှန်းရှိတယ်" သွမ့်ယွီယန်ကိုကြည့်တဲ့ယွမ်ထျန်းဝမ်ရဲ့မျက်လုံးများကနူးညံ့နေသည်။

"အကယ်၍မင်းလိုချင်တယ်ဆိုရင်တော့ကိုယ်ပျော်မှာပဲလေ...ဒါပေမဲ့မင်းမလိုချင်ဘူးဆိုရင်လည်းကိုယ်မင်းရဲ့ရွေးချယ်မှုကိုလေးစားပေးမှာ..ယွီယန်...ရိုးရိုးလေးပြောရရင်ကိုယ်ကမင်းကိုပဲလိုချင်တာ"

ယန်ထျန်းဟန်ကသွမ့်ယွီယန်အားစိတ်လှုပ်ရှားသွားတဲ့အမူအယာနဲ့လှမ်းကြည့်သည်။

"ကိုကိုယွီယန်..သူ့ပုံစံကရိုးသားပုံပါပဲအခွင့်အရေးလေးတော့ပေးလိုက်ပါ"

သွမ့်ယွီယန်ရဲ့နှလုံးသားကအတော်လေးပြေလျော့သွားရသော်လည်းသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေကိုစဉ်းစားမိတော့အံကိုကြိတ်၍ခေါင်းကိုသာခါယမ်းမိသည်။

"ဟင့်အင်း,ဟင့်အင်း"

"မရတာလားမလိုချင်တာလား?" ယွမ်ထျန်းဝမ်ရဲ့လက်များတင်းကြပ်သွားပြီးသွမ့်ယွီယန်ရဲ့ပုခုံးအားဖိချကာသူထွက်ပြေးနိုင်မယ့်မိနစ်တိုင်းကိုထိန်းသိမ်းထားသည်။သူကရှေ့သို့ခြေလှမ်းတစ်ဝက်ခန့်မျှတိုးလိုက်ပြီးသွမ့်ယွီယန်နဲ့ထိလုနီးပါးပင်။ထို့နောက်အသံခပ်နက်နက်ဖြင့်ပြောလိုက်သည်။

"အကယ်၍မင်းကမင်းရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေကြောင့်စိတ်ပူနေတာဆိုရင်အဆိပ်ကိုကုသဖို့ဆေးမရှိမှာကိုကြောက်နေစရာမလိုပါဘူး"

သွမ့်ယွီယန်ကရုတ်တရက်ခေါင်းကိုမော့ပြီးယွမ်ထျန်းဝမ်အားအံ့အားသင့်စွာစိုက်ကြည့်မိသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now