Chapter(249) - အိမ်ရှေ့စံရာထူးအတွက်ရုန်းကန်ခြင်း

4.3K 897 90
                                    

Unicode

အခန်း(249) - အိမ်ရှေ့စံရာထူးအတွက်ရုန်းကန်ခြင်း

ယန်ထျန်းဟန်ကခဏမျှစဉ်းစားလိုက်ပြီးမှမျက်တောင်ခတ်ပြီးမေးလိုက်သည်။

"ကြည့်ရတာအဲ့ဒီတတိယဆက်ခံသူကအရမ်းစွမ်းအားကြီးတယ်ထင်တယ်ဟုတ်လား?"

ဖုန်ကျင်းယွီကနှာခေါင်းရှုံ့လိုက်ပြီးအေးစက်စက်ပြန်ဖြေသည်။

"သူ့အင်အားကသာမာန်ပဲ,သူကတစ်နေကုန်အကနဲ့စာလုံးအလှရေးတာကိုပဲလုပ်နိုင်တာပြီးတော့သူကကျင့်ကြံနိုင်ဖို့တောင်ကြိုးစားတာမဟုတ်ဘူး...သူကအိမ်ရှေ့စံနေရာရဖို့တောင်စိတ်ပိုင်းဖြတ်ထားခြင်းမရှိမှာပဲကြောက်မိတယ်"

ယန်ထျန်းဟန်မှာနားမလည်နိုင်ဖြစ်သွားရသည်။

"ဒါဆိုသူကဘာလို့အိမ်ရှေ့စံနေရာအတွက်တိုက်ပွဲဝင်နေရသေးတာလဲ?"

ဖုန်ကျင်းယွီကပြန်ဖြေသည်။

"သူ့မှာရွေးချယ်စရာမရှိဘူးလေ...အကယ်၍သူအဲ့ဒီနေရာအတွက်မတိုက်ခိုက်ဘူးဆိုရင်တောင်အသက်ရှင်သန်နိုင်မယ့်အခြားနည်းလမ်းမှမရှိတာ,သူ့အတွက်ကတိုက်ခိုက်နိုင်ဖို့ကိုယ့်ကိုကိုယ်တွန်းအားပေးရုံပဲရှိတယ်..အဲ့ဒါအပြင်သနားစရာကောင်းတာကဧကရာဇ်ကလည်းသူ့ကိုသဘောမကျဘူး,ကြည့်ပါလား,လင်းမိသားစုတောင်ဖျက်ဆီးခံလိုက်ရတယ်"

ယန်ထျန်းဟန်ကတွေးတွေးဆဆနဲ့ခေါင်းညိတ်ပြသည်။

"ဒါပေမဲ့ဘာဖြစ်လို့လင်းမိသားစုကဒီလိုအားနည်းတဲ့ဆက်ခံသူကိုထောက်ပံ့ပေးရတာလဲ?"

"လင်းမိသားစုကအမြင့်ဆုံးအဆင့်ကဆက်ခံသူကိုပဲထောက်ပံ့ပေးတာ,အဲ့ဒါသူတို့မိသားစုရဲ့စည်းမျဉ်းစည်းကမ်းပဲ" ဖုန်းကျင်းယွီကပေါ့ပေါ့ပါးပါးသာပြန်ဖြေသည်။

"တကယ်သနားဖို့ကောင်းတာပဲ"ယန်ထျန်းဟန်ကတီးတိုးရေရွတ်သည်

ဖုန်ကျင်းယွီကခေါင်းညိတ်လိုက်ပြီးသူ့ရဲ့ရွှေနီရောင်နက်နက်မျက်လုံးများကတော့ယခင်တုန်းကဘုန်းကျက်သရေကိုပြန်လည်ထုတ်ဖော်နေသည့်လင်းချီဂုကိုလှမ်းကြည့်မိလေသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now