Chapter(378) - ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်း

2.1K 483 8
                                    

Unicode

အခန်း(၃၇၈) - ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်း

လျှိုမုံချန်က ပြုံးရုံသာပြုံးပြီး ဘာမှပြန်မပြောပေ။ မည်သို့ပင်ဆိုစေကာမူ ချင်းကျူသာ ဖြစ်သရွေ့ သူသည် အဓိပ္ပါယ်မရှိပဲလည်း သူလိုချင်သမျှကို ပြောနိုင်သည်။

သူဘာလုပ်သင့်တယ်၊ သူဘာလုပ်ချင်တယ်ကို ချင်းကျူက ထိန်းချုပ်နိုင်စွမ်းမရှိဘူး။

လင်ရွှမ်းဇီက လျှိုမုံချန်အား တစ်ချက်ကြည့်လိုက်သည်။

"ကျွန်တော်တို့ ဒီနေရာထိတောင် ရောက်လာပြီ ဆိုမှတော့ လျှိုမိသားစုခေါင်းဆောင်အနေနဲ့ ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားလို့ ရအောင် အသုံးဝင်တဲ့ သတင်းအချက်အလက်တွေ ပေးလိမ့်မယ် ထင်ပါတယ်"

လျှိုမုံချန်နဲ့ လင်ရွှမ်းဇီတို့ အချင်းချင်း ခဏမျှ စိုက်ကြည့်နေမိကြသည်။

"သိသင့်တဲ့ ကိစ္စတွေကို သခင်လေးလင် သိပြီးနေပြီပဲ မဟုတ်ဘူးလား?" လျှိုမုံချန်က ပြောလာသည်။

"ဆုတောင်းပြည့်လမ်းသွယ်နဲ့ လျှို့ဝှက်အဖွဲ့အစည်းက သတင်းရှာဖွေဖို့အတွက် ဆိုပြီး နတ်ဆိုးသားရဲ အင်္သေချေတောအုပ်ထဲကို လူတွေ ပို့ထားပြီးသားပဲလေ။ အဓိက အပိုင်းအနေနဲ့ကတော့ ကျုပ်တို့ နှစ်ယောက်လုံး သိထားသမျှတွေ ကွဲလွဲတာ ရှိမယ်လို့ မထင်ပါဘူး"

ဆုတောင်းပြည့်လမ်းသွယ်နဲ့ လျှို့ဝှက်အဖွဲ့အစည်းနောက်ကွယ်မှ ချုပ်ကိုင်ထားသူသည် လင်ရွှမ်းဇီပဲ ဖြစ်ဖြစ် လင်ကျန်ပဲဖြစ်ဖြစ် နှစ်ဦးလုံးက အပြင်လူများ မသိအောင် တမင်သက်သက် ဖုန်းကွယ်ထားပြီး အမှန်တရားနဲ့ လိမ်လည်မှုများ ပေါင်းစည်း၍ သံသယများ ဖြစ်လာစေရန်ကိုပါ ရည်ရွယ်ချက် ရှိရှိနဲ့ မီးခိုးဗုံးများ လွှတ်ထားတာပင်။

သို့သော်လည်း ထိုအပြင်လူများသည် ၎င်းတို့၏ အဆင့်အတန်း နိမ့်ပါးမှုကြောင့် ထိုကဲ့သို့သော အချက်အလက်များကို သိမြင်နိုင်ခြင်း မရှိခြင်းကြောင့်သာ လှည့်စားခံခဲ့ရကြောင်း ထင်ရှားသည်။ လျှိုမုံချန်လိုမျိုး အဆင့်အတန်းနဲ့ ဆိုရင်တော့ ထိုအကြောင်းများအား သိရှိနိုင်လောက်အောင် အရည်အချင်း ပြည့်မှီသူများထဲမှာ သဘာဝကျကျပင် နေရာတစ်ခု ရထားတာပင်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now