Chapter(235) - အနောက်ဘက်ဖီးနစ်ဧကရာဇ်

4.2K 980 101
                                    

Unicode

အခန်း(၂၃၅) - အနောက်ဘက်ဖီးနစ်ဧကရာဇ်

လူတိုင်းဒီမြင်ကွင်းကြောင့်ထိတ်လန့် သွားမိကြသည်;ဒါဘယ်လိုမီးမျိုး လည်းဆိုတာဘယ်သူမှမသိကြပေ။

ရန်ဖူယောက်ကရှန်ချောင်းကွန်းရဲ့ လက်မောင်းတစ်ဖက်ကိုဖြတ်ပစ် လိုက်သော်လည်းသူ့အသက်ကို ကယ်တင်ခဲ့တာဖြစ်သည်။

"တောင်သခင်လေး...ဒါဘာကြီးလဲ? အရမ်းကြောက်စရာကောင်းတာပဲ!"  ကောင်းကင်တောင်ထွတ်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ကဖြူဆုတ်ဆုတ် မျက်နှာနဲ့မေးလာသည်။

ရန်ဖူယောက်ကပြန်မဖြေပေ။ သူကဒီအတိုင်းဘေးကပိုင်ရိချန် ကိုသာကြည့်လိုက်သည်။

"သခင်လေးပိုင်ရောဘယ်လိုထင်လဲ?"

ပိုင်ရိချန်ရဲ့မျက်လုံးများကတစ်လက် လက်တောက်သွားသော်လည်းခေါင်း ကိုခါယမ်း၍ပြန်ဖြေလိုက်သည်။

"တစ်ခါမှမကြားဘူးဘူး, တစ်ခါမှလည်းမမြင်ဘူးဘူး"

"ခင်ဗျားရဲ့မင်ယင်မီးလျှံလေးနဲ့ ယှဉ်ရင်ရောဘယ်လိုနေလဲ?"

"ပြောရမှာတော့ရှက်ပါတယ် ဒီမီးထက်နိမ့်လိမ့်မယ်" ပိုင်ရိချန်ကပေါ့ပါးစွာသာပြန်ဖြေသည်။

"မင်ယင်မီးတောက်လေးကလည်း ကျုပ်နဲ့မသက်ဆိုင်တော့ပါဘူး"

ရန်ဖူယောက်ကသူ့ဘေးကအနက် ရောင်ဝတ်စုံနှင့်လူကိုတီးတိုးပြော လိုက်သည်။

"သွားစုံစမ်းလိုက်"

ထိုလူကလျှပ်တစ်ပြတ်အတွင်း ပျောက်ကွယ်သွားသည်။

အပြင်ဘက်ရှိကမ္ဘာကြီးသည် အတင်းအဖျင်းများ၊ ထင်ယောင်ထင်မှားများနှင့် ပြည့်နှက်နေသည်။အလားတူပင် ဆေးလုံးကန့်သတ်လျို့ဝှက်နယ်မြေ အတွင်း၌လည်းအလွန်စိတ်ရှုပ်ထွေး မှုများဖြစ်ပေါ်နေသည်။

ခေါင်းပြောင်ငှက်လေးကမီးတွေ ထုတ်လို့ပြီးသည်နှင့်လူအများကြီး လောင်ကျွမ်းသွားပြီးတောင်ပေါ်က သစ်ပင်များပါအကုန်လုံးလောင်ကုန် ပြီဆိုတာကိုမြင်လိုက်တဲ့အခါမှသာ ပျော်ရွှင်စွာဖြင်သူ့ခေါင်းလေးကို မော့လိုက်ပြီးယန်ထျန်းဟန်ရဲ့ပုခုံးပေါ် မှာမတ်တပ်ရပ်ကာဂုဏ်ယူဝံ့ကြွား စွာဖြင့်'ခရစ်'ဟုအော်လိုက်သည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now