Chapter(362) - အိမ်တံခါးဝဆီ သွားရောက်ခြင်း

2.3K 552 8
                                    

Unicode

အခန်း(၃၆၂) - အိမ်တံခါးဝဆီ သွားရောက်ခြင်း

မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည့် လင်ရွှမ်းဇီက ထိုစကား ကြားတဲ့အချိန်မှာ ထီမထင်ဟန်သာ ရှိနေပြီး ဒါက တော်တော်လေး ရယ်စရာ ကောင်းတာပဲဟုသာ တွေးနေသည်။

"တုချီယင်းက ကောင်းမွန်တဲ့ တွဲဖက် တစ်ယောက် မဟုတ်ဘူး။ သူနဲ့ လက်ထပ်လိုက်ရင် အဆုံးသတ် ကောင်းမှာ မဟုတ်ဘူး" လင်ရွှမ်းဇီက ပြောသည်။

လင်ဇီဂျီထံတွင် ကူကယ်ရာမဲ့နေသည့် အမူအယာတစ်ခု ပေါ်ပေါက်လာလေသည်။ အမြင်ရှိတဲ့လူတိုင်း တုချီယင်းက ဘယ်လို အမှိုက်မျိုးလဲ ဆိုတာကို ပြောနိုင်သည်ပဲလေ။ သူပိုင်ဆိုင်ထားသည့် ချောမောခန့်ညားပါတယ်ဆိုတဲ့ မျက်နှာစာသည်လည်း စေ့စပ်စွာ ပေါ်လွင်ပြီးသားပင်။ လင်ဇီဂျီနဲ့ လင်ယွီရိုတို့သာ နေရာလဲလိုက်ရင် တုချီယင်းကို ရွေးချယ်မယ့်အစား ကလေးကို တစ်ယောက်တည်း ပြုစုပျိုးထောင်ရန်သာ ရွေးချယ်လိုက်မှာဖြစ်သည်။

သို့ပေမယ့် လင်ယွီရိုကတော့ ထိုသို့ မတွေးပေ။

"အကယ်၍ သူမသာ ကလေးကို မွေးမယ်ဆိုရင် လင်မိသားစု မျိုးဆက်သစ်ပင်မှာ ထည့်ပေးဖို့အတွက် ဆုံးဖြတ်ချက် ချပေးနိုင်တယ်"

လင်ရွှမ်းဇီက လင်ယွီရိုအား ဆွေမျိုးဖြစ်နေသည့် အချက်ကြောင့် နောက်ဆုံး အခွင့်အရေး တစ်ခုပေးလိုက်ကာ လင်ဇီဂျီကို ပြောလိုက်သည်။

"ငါ့ရဲ့ မူလစကားတွေကို သူမဆီ ပါးလိုက်ပြီး သူတို့ဘာရွေးချယ်မလဲ အရင်ကြည့်လိုက်"

"ကောင်းပါပြီ" လင်ဇီဂျီက ပြန်ဖြေသည်။

လင်ရွှမ်းဇီရဲ့ အဓိပ္ပါယ်က သိသာလှပေသည်။ သူက လင်ယွီရိုတစ်ယောက် တုချီယင်းကို လက်ထပ်လိုက်ပြီး ငရဲတွင်းထဲ ခုန်ချသွားမည်အား မမြင်ချင်ခြင်းပင်။ လင်ယွီရိုရဲ့ ကလေးကိုသာ လင်မိသားစုအိမ်တော်ရဲ့ မိသားစုဝင် တစ်ယောက်အဖြစ် လက်ခံလိုစိတ် ရှိသည်။ ထိုသို့ဆိုရင် ကလေးသည်လည်း အခုချိန်ကစပြီး လင်မိသားစုရဲ့ အဓိကမျိုးရိုးဖြစ်သည့် ဆက်ဆံမှုကို ခံစားနိုင်မည်ဖြစ်သည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now