Chapter(321) - ကောင်းကောင်းလေး ဆဲပေးလိုက်တယ်

3K 770 150
                                    

Unicode

အခန်း(၃၂၁) - ကောင်းကောင်းလေး ဆဲပေးလိုက်တယ်

လင်ကျန်က အသက်ကို ပြင်းပြင်းရှုလိုက်ပြီး သူ့ကိုယ်သူ အတင်းအကြပ် တည်ငြိမ်စေလိုက်ရသည်။

"ခင်ဗျားက ကျွန်တော့ကို ဒီမှာ သော့ခတ်ထားပေမယ့် ဘယ်တော့မှ မပေါ်လာသလို စကားလည်းလာမပြောဘူး, ဒီကိုလာတဲ့အချိန်မှာလည်း ကျွန်တော့ကို အဲ့ဒီလိုအရာတွေလုပ်ဖို့အတွက် ဖိချတာတစ်ခုပဲရှိတာ, ခင်ဗျားတကယ်ပဲ ဘာလိုချင်နေတာလဲ?"

အုပ်စိုးသူအရှင်က သူ့ကို ဂရုမထားဟန် အမူအယာဖြင့် စိုက်ကြည့်နေသည်။

"လင်ကျန်, ငါမင်းကို ဆင်ခြင်သုံးသပ်ဖို့အတွက် ထားခဲ့တာ, ဒီရက်တွေမှာ ဘာတွေ ဆင်ခြင်သုံးသပ်ပြီးသွားပြီလဲ?"

လင်ကျန်က ကိုယ့်ကိုကိုယ် မနှစ်သက်သည့် အပြုံးတစ်ခုကို ပြသလာသည်။

"အဲ့ဒါက ကျွန်တော် 《စိမ်းပြာရောင်ကြာပန်းပုံစံကိုးမျိုး》ကို မခိုးသွားသင့်ဘူး"

အုပ်စိုးသူအရှင်က ပေါ့ပါးစွာ စကားစသည်။

"အဲ့ဒီ《စိမ်းပြာရောင်ကြာပန်းပုံစံကိုးမျိုး》က ငါ့မိသားစုရဲ့ အရေးကြီးဆုံး လျှို့ဝှက်ကျမ်းတွေထဲက တစ်အုပ်ပဲ, ဟိုးရှေးတုန်းကတည်းက အဲ့ဒါကို လိုချင်တပ်မက်တဲ့သူတိုင်း သေကြရတယ်"

လင်ကျန်က သူ့ကိုငေးကြည့်နေသည်။

"အဲ့ဒီတော့ ခင်ဗျားက ကျွန်တော့ကို သတ်မှာလား?"

အုပ်စိုးသူအရှင်က အဖြေပြန်မပေးပဲ ခတ်ပြတ်ပြတ်အသံဖြင့် ဆက်မေးသည်။

"ဘာရှိသေးလဲ?"

လင်ကျန်က ခေါင်းညိတ်လိုက်သည်။

"ခင်ဗျားကို ကျွန်တော့ကုတင်ပေါ် တက်အောင် မြူစွယ်ပြီးတဲ့နောက်မှာ ဖင်ကိုဖုတ်ဖတ်ခါ ထွက်ပြေးပြီး လမ်းတစ်ဝက်မှာ ခင်ဗျားကို မစွန့်ပစ်ခဲ့သင့်ဘူး

အုပ်စိုးသူအရှင်က သူ့လျို့ဝှက်ချက်များကို ဂရုတစိုက် ဖုံးကွယ်ထားသည့် မျက်နှာဖြင့် သူ့ကိုတည်ငြိမ်စွာ စိုက်ကြည့်နေသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now