Chapter(271) - တောင်စည်းကမ်းများကိုကူးရေးခြင်းဖြင့်အပြစ်ပေးခြင်း

3.6K 856 38
                                    

Unicode

အခန်း(၂၇၁) - တောင်စည်းကမ်းများကိုကူးရေးခြင်းဖြင့်အပြစ်ပေးခြင်း

လင်ရွှမ်းဇီကမျက်မှောင်ကျုံ့လိုက်ပြီးယန်ထျန်းဟန်ရဲ့လုပ်ရပ်နှင့်ပတ်သတ်လို့အတော်လေးမကျေမနပ်ဖြစ်သွားရသည်။

ယန်ထျန်းဟန်ကတော့ပြုံးပြီးရှင်းပြလာ၏။

"အကိုကြီး,အကိုကြီးကကျွန်တော်အနိုင်ကျင့်ခံရမှာကိုစိုးရိမ်သလိုကျွန်တော်လည်းအကိုကြီးကိုတစ်ခြားသူတွေဆီကနေလစ်လျူရှုခံရမှာကိုစိုးရိမ်တယ်လေ,အကိုကြီးကိုကျွန်တော်ဘာမှမကူညီပေးနိုင်ဘူးအဲ့ဒါကြောင့်အကိုကြီးဘေးမှာတိုက်ခိုက်ရေး,ကာကွယ်ရေး,လက်နက်တွေအပြည့်အစုံဖြစ်နေတာကိုမြင်ရမှသာကျွန်တော်စိတ်သက်သာရာရနိုင်မှာ...ဘယ်လိုပဲဖြစ်နေပါစေ,ကျွန်တော်ကအကိုကြီးကိုအရမ်းစိတ်ပူနေရပြီးကျွန်တော့ကျင့်ကြံမှုကိုအာရုံမစိုက်နိုင်တောတော့မဖြစ်စေချင်ဘူးမှတ်လား,ဟုတ်တယ်ဟုတ်?"

လင်ရွှမ်းဇီရဲ့နှဖူးကအနည်းငယ်လှုပ်ရှားသွားရင်းသူ့နှလုံးသားကနွေးထွေးသွားရသည်။ယန်ထျန်းဟန်ရဲ့မျက်နှာပေါ်ကရင့်ကျက်နေတဲ့အမူအယာကိုကြည့်ရင်းနဲ့သူနားလည်လိုက်ရသည်ကအခုဆိုရင်ယန်ထျန်းဟန်ကသူ့နောက်ကနေပြေးလိုက်ပြီးလင်ကျန်ရဲ့လက်မောင်းကြားထဲခိုဝင်ကာငိုယိုပြီးအလိုလိုက်ခံရသလိုမျိုးပြုမူတတ်တဲ့ကလေးသေးသေးလေးမဟုတ်တော့ဘူးဆိုတာပင်။

တကယ်တမ်းကတော့ယန်ထျန်းဟန်ကရင့်ကျက်လာပြီလို့ပြောဖို့ကတော့လုံးဝအပြည့်အစုံမမှန်သေးဘူးဖြစ်သည်။အတိတ်မှာတုန်းကလည်းသူ့အတွေးတွေကအမြဲတမ်းပြီးပြည့်စုံပြီးစေ့စပ်သေချာလှသည်။သို့သော်လည်းအဲ့ဒီအချိန်တုန်းကနှစ်ယောက်လုံးရဲ့စိတ်တွေ,ရည်ရွယ်ချက်တွေကဆက်သွယ်မှုမရှိသေးတာတစ်ခုတည်းသာ...ထို့ကြောင့်တစ်ချို့စကားလုံးများကိုယန်ထျန်းဟန်ကစိတ်နှလုံးထဲမှာသာစဉ်းစားပြီးတိတ်တဆိတ်သာလုပ်ဆောင်သော်လည်းဘယ်တုန်းကမှထုတ်မပြောခဲ့ခြင်းပင်။

လင်ရွှမ်းဇီကထိုပစ္စည်းများကိုအဝေးပို့လိုက်ပြီးအားပိုင်နဲ့ဟူပိုတို့ကိုလှမ်းကြည့်လိုက်သည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now