Chapter(373) - လျှိုမိသားစုကလူ

2.3K 516 14
                                    

Unicode

အခန်း(၃၇၃) - လျှိုမိသားစုကလူ

လင်ရွှမ်းဇီသည် လျှိုကျောက်ယွဲ့တစ်ယောက် သူ့မိဘများအား တိုင်တန်းငိုယိုကာ လင်ရွှမ်းဇီ၏ ခြံဝင်းထဲသို့ ကာကွယ်မှုခံရန် ပြေးဝင်လာပြီး ရက်ပေါင်းများစွာ အပြင်မထွက်ရဲခဲ့သည်အား သတိရသွားတာကြောင့် မပြုံးပဲ မနေနိုင်တော့ပေ။

"အဲ့ဒီကောင်လေးက လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက စီနီယာအစ်ကိုကြီးကျန်းကို သတ္တိရှိရှိနဲ့ လှည်ပတ်ရဲခဲ့လို့ စီနီယာအစ်ကိုဟိုင်ရဲ့ ရိုက်နှက်တာကို ခံလိုက်ရတယ်လေ"

ယွမ်ထျန်းဝမ်, "......"

သွမ့်ယွီယွမ်က လျှာတစ်ချက် ကိုက်လိုက်မိသည်။

"ကြည့်ရတာ ဒီကောင်လေးက တစ်ခါတစ်လေ အနိုင်မရပဲ အမုန်းပါ ခံရပုံပဲ"

"မဟုတ်ဘူး" လင်ရွှမ်းဇီက ခေါင်းခါပြသည်။

"ဆန့်ကျင်ဘက်ပဲ, စီနီယာအစ်ကိုကျန်းက လျှိုကျောက်ယွဲ့ကို တော်တော်လေး သဘောကျလို့ သူ့ကို တပည့်အဖြစ်ပါ လက်ခံဖို့ စီစဉ်နေခဲ့တာ။ အဲ့ဒါကြောင့်လည်း စီနီယာအစ်ကို ဟိုင်ကို ဒေါသထွက်အောင် လုပ်မိသွားတာလေ။ မဟုတ်ရင် စီနီယာအစ်ကိုဟိုင်က သူ့ကို ဂရုစိုက်နေမှာ မဟုတ်ဘူး"

ယွမ်ထျန်းဝမ်, "......"

သွမ့်ယွီယွမ်, "......"

ယွမ်ထျန်းဝမ်က သူ့မေးသူ ပွတ်သပ်လိုက်ပြီး နက်နဲလှသည့် အဓိပ္ပါယ်ဖြင့် ပြောလာ၏။

"ကြည့်ရတာ မင်းတို့ နစ်မြှုပ်ဓားတောင်ထွတ်က လူတွေက အတွင်းကျကျ တူးဖော်ရတာကို နှစ်ခြိုက်ကြပုံပဲ"

ကျန်းဖုန်းထင်နဲ့ ဟိုင်ခွမ်းလောင်တို့ကြားက ဝေတေဝါးတား ဆက်ဆံရေးက အမြဲတမ်း တည်ရှိနေခဲ့တာဖြစ်သည်။ ကျန်းဖုန်းထင်က ဟိုင်ခွမ်းလောင်ကို တစ်ကိုယ်တည်း ပြုစုပျိုးထောင်ပေးခဲ့တာကို ထည့်မပြောနဲ့ဦး။ သူတို့က ပုံမှန်အားဖြင့်တော့ ခွဲထုတ်လို့ မရနိုင်ပေ။ တစ်စုံတစ်ယောက်က ကျန်းဖုန်းထင်ကို အနည်းငယ်လောက် ချဉ်းကပ်ဖို့ ကြိုးစားတာနဲ့ ဟိုင်ခွမ်းလောင်၏ သေစေနိုင်သော အကြည့်များအား လက်ခံရလိမ့်မည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now