Chapter(292) - လင်မိသားစုရဲ့စည်းမျဉ်းအသစ်

3.6K 877 46
                                    

Unicode

အခန်း(၂၉၂) - လင်မိသားစုရဲ့စည်းမျဉ်းအသစ်

အချိန်အတော်လေးကြာမှ သူတို့တွေ နက်ရှိုင်းမြို့သို့ တစ်ဖန်ရောက်လာကြသည်။ သိသာစွာပဲ, ထိုနေရာမှာ ယခင်ထက်လူတွေ ပိုများပြားနေသည်ပင်။ ကျင့်ကြံရေး မိသားစုများမှ လှပချောမောသည့် တပည့်များကို နေရာတိုင်းမှာ တွေ့မြင်နိုင်ပြီး တောက်ပကာ တင့်တယ်လှတဲ့ အဝတ်အစားများနဲ့ လမ်းမတစ်လျှောက် သွားလာနေကြတာကြောင့် အလွန်သက်ဝင် လှုပ်ရှားနေ၏။

ရက်အနည်းငယ်အတွင်းမှာ ဂိုဏ်းအတွင်းတွင် ကြီးမားတဲ့ ဝင်ခွင့်စာမေးပွဲကြီး ကျင်းပမှာ ဖြစ်သည်လေ။ ဒီအခွင့်အရေးကိုသုံးပြီး နက်ရှိုင်းကောင်းကင်ဂိုဏ်းကို ဝင်ချင်ကြတဲ့ ကျင့်ကြံသူအားလုံး ရောက်ရှိနေကြပြီ ဖြစ်သည်။

လင်ရွှမ်းဇီက ယန်ထျန်းဟန်အား ကျန်တဲ့ လင်မိသားစုတွေ နေနေသည့် Flowing Moon စံအိမ် သို့ခေါ်လာပေးပြီး စာမေးပွဲမှာ ပါဝင်မည့် တပည့်များနဲ့ တွေ့ဆုံစေသည်။

ဒီတစ်ခေါက်မှာတော့ သူတို့တွေက လင်ရွှမ်းဇီကို မြင်တဲ့အချိန်မှာ အကုန်လုံး ယဉ်ကျေးရည်မွန်စွာ နှုတ်ဆက်ကြသည်။

"သခင်လေး"

လင်ရွှမ်းဇီက သူ့လက်ကို ညင်သာစွာ မြှောက်လိုက်သည်။

"ယဉ်ကျေးနေစရာ မလိုအပ်ဘူး"

သူက လင်မိသားစု၏ အလားအလာ အရှိဆုံး တပည့်များအား လှည့်ပတ်ကြည့်လေ၏။

"ဒီရက်တွေအတွင်း လေ့ကျင့်မှု ဘယ်လိုနေလဲ?"

လင်ဇီဂျီက ပြန်ဖြေသည်။

"ယွမ်မိသားစုက ထောက်ပံ့ပေးထားတဲ့, ဝိညာဉ်ချီတွေ ကြွယ်ဝလွန်းတဲ့,ဒီနေရာကို ကျေးဇူးတင်ရမှာပဲ, ငါတို့ကျင့်ကြံဆင့်တွေက မမျှော်လင့်ပဲ တစ်ရှိန်ထိုး တိုးတက်လာတယ်, ချိုးဖြတ်မှုတော့ မရှိသေးပေမယ့်ပေါ့"

"ဒီနေရာက ဝိညာဉ်ချီ သိပ်သည်းမှုက ငါတို့ လင်မိသားစုရဲ့ လေ့ကျင့်ရေးအခန်းနဲ့တော့ ယှဉ်လို့မရပေမယ့် နီးတော့ နီးစပ်ပါတယ်" လင်ကျန်ထျန်းက ဆက်ပြောသည်။ သူကလက်သီးကို ဆုပ်လိုက်ပြီး သူ့မျက်လုံးများကတော့ တောက်ပနေ၏။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now