Chapter(270) - ပထမဆုံးတွေ့ဆုံခြင်းလက်ဆောင်

3.7K 839 40
                                    

Unicode

အခန်း(၂၇၀) -  ပထမဆုံးတွေ့ဆုံခြင်းလက်ဆောင်

ပြီးနောက်မဟာအကြီးအကဲလန်ယွဲ့ကလင်ရွှမ်းဇီကိုဆက်ပြောသည်။

"ငါမင်းနာမည်ကိုစာရင်းသွင်းတဲ့ဥပဒေစာအုပ်ထဲမှာရေးပြီးသွားပြီအခုချိန်ကစပြီးမင်းကငါ့ရဲ့*တံခါးပိတ်တပည့်ပဲ"

ဝမ်ရိထုန်မှာရပ်တန့်ပြီးအံ့အားသင့်သွားရသည် "တံခါးပိတ်တပည့်?"

ဟိုင်ခွမ်းလောင်သည်လည်းထိတ်လန့်စွာဖြင့်မျက်ခုံးကိုမြှင့်မိ၏။

မဟာအကြီးအကဲလန်ယွဲ့ကပေါ့ပါးစွာသာပြန်ဖြေသည်။

"တပည့်တွေကိုငါကအရေအတွက်ထက်အရည်အသွေးကိုပိုပြီးတန်ဖိုးထားတယ်ငါ့မှာမင်းတို့အားလုံးရှိနေယုံနဲ့တင်လုံလောက်ပြီ"

ထို့နောက်သူကဆက်ပြောသည်။

"ငါ့တံခါးအောက်မှာစည်မျဉ်းစည်းကမ်းအများကြီးမရှိပေမယ့်တစ်ခုတော့ရှိတယ်အကယ်၍မင်းအဲ့ဒါကိုဖောက်ဖျက်ရဲရင်ငါမင်းကိုဆက်မထားဘူး"

"ကျေးဇူးပြုပြီးပြောပါ,ဆရာ" လင်ရွှမ်းဇီကသတိထားပြီးပြောလိုက်သည်။

"ငါ့တံခါးအောက်မှာကိုယ့်ဆရာတူတပည့်တွေကိုပြန်ပြီးထိခိုက်အောင်လုပ်တာ"

လင်ရွှမ်းဇီကသူ့မျက်လုံးကိုနှိမ့်လိုက်သည် "ရွှမ်းဇီနားလည်ပါပြီ"

တူညီတဲ့ဆရာအောက်ကတစ်ခြားတပည့်တွေကိုထိခိုက်စေတာ—သူကိုယ်တိုင်ကခံခဲ့ရသူပဲလေ

မဟာအကြီးအကဲလန်ယွဲ့ကခါင်းညိတ်ပြပြီးအင်္ကျီလက်ကိုခါယမ်းရင်းဖြင့်လှည့်ထွက်သွားတော့သည်။

"မင်းတို့ကိုယ့်ဘာသာကိုစီစဉ်လိုက်ကြတော့မနက်ဖြန်လေ့ကျင့်ရေးပြန်စမယ်"

မဟာအကြီးအကဲလန်ယွဲ့ထွက်သွားပြီးနောက်ဝမ်ရိထုန်ကယန်ထျန်းဟန်ကိုမျက်စိမှိတ်ပြသည်။

"အငယ်လေး,ငါတကယ်ပဲမင်းကိုပါဒီမှာရှိစေချင်ခဲ့တာ,ဒါပေမဲ့ဆရာ့ရဲ့ဆုံးဖြတ်ချက်က မင်းအတွက်အကောင်းဆုံးဖြစ်မှာသေချာတယ် သူကမင်းကိုအထင်သေးတာမဟုတ်ဘူး;သူ့နှလုံးသားထဲမှာမင်းအတွက်အကောင်းဆုံးဆိုတာကိုပဲတွေးပေးထားတာပါ..အဲ့ဒီမှာမင်းရဲ့ကျင့်ကြံမှုကိုအာရုံစိုက်ထားဖို့လိုတယ် ဘယ်လိုပဲဖြစ်ပါစေအရမ်းကြီးလည်းဝေးတာမှမဟုတ်တာ, အဆင်လည်းပြေတယ်ပြီးတော့မင်းအကိုကြီးဆီကိုလာလည်ချင်ရင်လည်းလာလည်လို့ရတယ်"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now