Chapter(359/360) - အတူတူသွားဖို့​တောင်းဆိုခြင်း

2.8K 607 18
                                    

Unicode

အခန်း(၃၅၉/၃၆၀) - အတူတူသွားဖို့ တောင်းဆိုခြင်း

လင်ဇီဂျီက ဒါကို သေချာ တွေးနေခြင်းပင်။

မူလကတော့ သူ့မှာက လင်ရွှမ်းဇီကို ဘယ်လိုပဲဖြစ်ဖြစ် ဆန့်ကျင်ချင်နေတဲ့ အမေတစ်ယောက် ရှိနေသည်။ အဲ့ဒါကတင် လင်ရွှမ်းဇီက သူ့အပေါ် သတိထားဖို့ လုံလောက်နေပြီဖြစ်သည်။ အကယ်၍ သူသာ သူ့လုပ်ရပ်ကို ဂရုမစိုက်မိဘူးဆိုရင် သူနဲ့လင်ရွှမ်းဇီရဲ့ ဆက်ဆံရေးက ထပ်ပြီး မတိုးတက်တော့မှာကို ကြောက်ရွံ့မိခြင်းပင်။

ထို့ကြောင့် လင်ဇီဂျီက မျက်မှောင်ကြုတ်လိုက်ပြီး ခါးခါးသီးသီး ဒေါသတကြီး ပြန်ဖြေလာသည်။

"ညီမ ယွီရိုက ဒီလို အရှုပ်တွေ လုပ်မယ့်သူမျိုးမှန်း မသိခဲ့မိဘူး။ ဒီကိစ္စမျိုးကို နက်ရှိုင်းမြို့တစ်ခုလုံး လူသိရှင်ကြား ဖြစ်အောင် လုပ်လိုက်တဲ့အပြင် ချင်မြို့ထဲက တစ်ခြားမိသားစုတွေပါ ဒီအကြောင်း သိကုန်ကြပြီ,ဒါက လင်မိသားစုရဲ့ ဂုဏ်သတင်းကို ကြီးကြီးမားမား လွှမ်းမိုးနိုင်တာကြောင့် ငါတို့ ဒီကိစ္စကို ပေါ့ပေါ့တန်တန် လုပ်လို့မရဘူး သူမကို ချုပ်နှောင်ထားပြီး သူ့အမှားသူ ဆင်ခြင်သုံးသပ်အောင် လုပ်မှသာ ဖြေရှင်းလို့ရမှာ"

"မင်းပြောချင်တာက သူမ ရေခဲအကျဉ်းထောင်ကို သွားသင့်တယ်ဆိုတာလား?"လင်ရွှမ်းဇီက မျက်ခုံးပင့်ကာ မေးလာသည်။

လင်ဇီဂျီက ခဏရပ်သွားပြီးမှ ပြန်ဖြေသည်။

"ရေခဲအကျဉ်းထောင်ကတော့ အရမ်းပြင်းတယ်။ သူမက အမှားလုပ်ခဲ့ပေမယ့်လည်း သေဖို့ထိတော့ မဟုတ်သေးဘူး"

ရေခဲအကျဉ်းထောင်ကို ဝင်ရတဲ့ လူတစ်ယောက်က သေရင်သေ မသေရင်တောင် ဒဏ်ရာရမှာပဲဖြစ်သည်။ အကယ်၍ အသက်ရှင်ရက် ထွက်လာနိုင်မယ် ဆိုရင်တောင် သူတို့ကျင့်ကြံဆင့်ကတော့ လုံးဝပျက်စီးသွားလိမ့်မည်။ ဒီဘဝမှာတော့ သူတို့ဟာ ဘယ်တော့မှ ပြန်ကျင့်ကြံနိုင်တော့မည် မဟုတ်ပေ။ ထိုနေရာမှာ အချုပ်ကျတဲ့လူတိုင်းက အလွန်ရက်စက်ပြီး ဆိုးသွမ်းသူများသာ ဖြစ်သည်လေ။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now