Chapter(205) - တော်တော်လေးမသင့်တော်ဘူး

4.2K 968 69
                                    

Unicode

အခန်း(၂၀၅) - တော်တော်လေးမသင့်တော်ဘူး

"ဒါဆိုလုံလောက်တယ်"

ဂျီယွန်ဝေကနတ်ဆိုးချည်ကြိုးကို ဆာလောင်နေတဲ့ဝံပုလွေလိုစူးစိုက် ကြည့်ပြီးယူလိုက်သည်။သူကမထီမဲ့မြင် အပြုံးတစ်ခုပင်ပြုံးလိုက်သေးသည်။

"အဲ့ဒီသောက်ရေးမပါတဲ့ဆိုးညစ်ယုတ် မာတဲ့မြေခွေးကောင်ဒီညတော့သူ့လုပ် ရပ်တွေကိုနောင်တရအောင်လုပ်ပြမယ်!"

လင်ရွှမ်းဇီကထိုအကြောင်းကို စဉ်းစားပြီးပြန်ပြောလိုက်သည်။

"ဒါပေမဲ့အကယ်၍အကိုလိုချင်တဲ့ လျော်ကြေးကိုပြန်ရပြီးလို့အဲ့ဒီအမြီး ကိုးချောင်းနတ်မြေခွေးကပြန်ကောင်း သွားရင်အကိုဘယ်လိုလုပ်မလဲ?"

"အဆိုးရွားဆုံးတော့သူငါ့ကိုသတ်ယုံပေါ့" ဂျီယွန်ဝေရဲ့မျက်လုံများကသွေးရောင် တောက်ပနေကာသူ့နှုတ်ခမ်းများအား အေးစက်စွာမြှင့်လိုက်၏။

"သူရဲကောင်းဆိုတာအသတ်သေပဲခံမယ် အရှက်ခွဲမခံဘူး....သူငါ့ကိုအမြဲတမ်း အရှက်ခွဲ့တာငါသူ့ကိုပြန်ပြီးမဖျက်ဆီး ရတာသေးတာကိုပဲအမြဲတမ်းမုန်းတီးမိတယ်"

သို့သော်လင်ရွှမ်းဇီရဲ့အတိတ်ဘဝတုန်း ကဂျီယွန်ဝေနဲ့ထိုအမြီးကိုးချောင်းနတ် မြေခွေးတို့ရဲ့ဆက်ဆံရေးကိုနားလည်မှု အရအဲ့ဒီအပြန်အလှန်ဖျက်ဆီးခြင်းက မဖြစ်နိုင်မှာကိုပဲစိုးရိမ်မိသည်။အများဆုံး အဲ့ဒါကသဘောတူညီသွားတဲ့အဓ္ဓမပြု ကျင့်မှုဖြစ်သွားလိမ့်မယ်။

မူလကတော့သူ့ကိုမတားဆီးနိုင်မှတော့ ပျော်ပျော်ရွှင်ရွှင်ပဲနေသင့်တယ်လို့ဖြောင်း ဖျလိုခဲ့သော်လည်းထိုအကြံကိုပြန်စဉ်း စားပြီးနောက်မှာ၎င်းအတွေးကိုစွန့်ပစ် လိုက်သည်။ဂျီယွန်ဝေကလက်ရှိမှာ ဒေါသအကြီးအကျယ်ထွက်နေပြီး အမြီးကိုးချောင်းနတ်မြေခွေးကိုရှာ ကာဆန့်ကျင်လက်တုန့်ပြန်၍ထိုမြေခွေး အားသူ့အောက်လှဲချချင်နေသည်လေ။ အကယ်၍လင်ရွှမ်းဇီသာအဲ့ဒီစကားတွေ ပြောလိုက်ရင်ဂျီယွန်ဝေကသူ့ကိုနားလည် မှုလွဲပြီးအဆက်အသွယ်တွေအားလုံးကို ဖြတ်တောက်လိုက်မှာမဟုတ်ဘူးလား?

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now