Chapter(297) - စက်ဆုတ်ဖွယ်ဇာတ်ကောင်

3.3K 759 14
                                    

Unicode

အခန်း(၂၉၇) - စက်ဆုတ်ဖွယ်ဇာတ်ကောင်

သုန်ချွီက နှာတစ်ရှုံ့ရှုံ့ ဖြစ်နေရင်း နီရဲနေတဲ့ မျက်လုံးများနဲ့ စကားဆက်သည်။

"စင်ပေါ်မှာ ခင်ဗျားမြင်ခဲ့ရတဲ့ ဝိညာဉ်ပင်တွေက အဲ့ဒီ အပင်စား ပိုးကောင်တွေ အကိုက်ခံခဲ့ရတာတွေပဲ,အပင်တွေက နှစ်နှစ်လောက်ကြာမှ ရင့်မှည့်ကြတာလေ, ဒါပေမဲ့ သူတို့က ရှိသင့်တဲ့ အရွယ်အစားကို တစ်ဝက်လောက်တောင် မရောက်ပဲ တစ်ခုခြင်းဆီတိုင်းက လက်သန်းလောက်ပဲ အထူရှိတယ်, သူတို့က ကြည့်ရတာ သနားဖို့ ကောင်းနေပေမယ့် အဲ့ဒါက ကျွန်တော်တို့ ထုတ်လုပ်နိုင်တဲ့ အကောင်းဆုံး အရည်အသွေးဖြစ်နေခဲ့တာ, မူလက ကျွန်တော်တို့ကို ဝိညာဉ်ပင် ထောက်ပံ့ပေးနေတဲ့ သူတွေကလည်း ကျွန်တော်တို့နဲ့ ခွဲခွာသွားခဲ့ကြပြီး လုံးဝအားကိုးလို့ မရဘူး"

လက်ရှိ အခြေအနေများကို ချင်းကျူ နားလည်သွားလေပြီ။ မတိုင်ခင်တုန်းက သူတစ်ခြားဆိုင်အသေးတွေကိုလည်း သွားခဲ့သေးသည်။ သူတို့တွေက ဒီလိုဝိညာဉ်ပင်မျိုးကို မရောင်းပေမယ့်လည်း အခြေအနေတွေကတော့ အတော်လေး ဆင်တူနေသည်။ တစ်ချို့ဆိုင်တွေက လူတစ်ချို့ကြောင့် ကမောက်ကမ ဖြစ်ကုန်ပြီး တစ်ချို့ကတော့ သစ္စာဖောက်တွေကြောင့် ဖြစ်ကြကာ တစ်ချို့ကတော့ ဆိုင်ပိုင်ရှင်များပင် လုံးဝပြောင်းကုန်ကြပြီ။ ထိုအချင်းအရာက ချင်းကျူအား ခေါင်းခဲစေ၏။

သို့သော် ကျန်းမိသားစုက ဝင်ရောက်စွက်ဖက်ခဲ့တဲ့ စားသောက်ဆိုင်များမှ အပ တစ်ခြားဆိုင်များကို ဝင်ရောက် ဖျက်ဆီးမှု ကျူးလွန်ခဲ့တဲ့သူတွေက ဘယ်သူလဲဆိုတာ မဖော်ထုတ်နိုင်ခဲ့ချေ။ ဒါသည်ပင် လူတိုင်းကို စိတ်အနှောင့်အယှက် ဖြစ်စေသည့် အဓိက အကြောင်းအရင်းဖြစ်နေသည်။

ချင်းကျူက သူ့ကိုယ်သူ စိတ်ထိန်းလိုက်ပြီး ထပ်မေးသည်။

"ဒီလို ယုတ်မာတဲ့ လုပ်ရပ်မျိုးကို အတိအကျလုပ်နိုင်တာ ဘယ်သူဖြစ်မယ်လို့ ဆိုင်ရှင်သုန်တွေးမိလဲ?"

သုန်ချွီက ခေါင်းခါပြပြီး သက်ပြင်းချသည်။

"ကျွန်တော်တို့ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ကျောင်းမိသားစုက လွဲပြီး ဒီလို ဆိုးသွမ်းတဲ့ လုပ်ရပ်ကို ဘယ်သူလုပ်မလဲ ဘယ်လိုမှ စဉ်းစားလို့ မရဘူး"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now