Chapter(254) - ယွမ်ပေါင်ရဲ့အကူအညီတောင်းခံမှု

3.8K 903 49
                                    

Unicode

အခန်း(၂၅၄) - ယွမ်ပေါင်ရဲ့အကူအညီတောင်းခံမှု

လင်ကျန်ထျန်းရဲ့နှလုံးသားထဲမှာ မြင့်မားတဲ့ဆန္ဒတွေရှီနေပေမယ့်လည်း ထောင့်တစ်နေရာမှာသာပိတ်မိနေရသည်။

ဒါပေမဲ့လည်း–

လင်ကျန်ထျန်းကဘယ်လောက်ပဲသွေးဆောင်မှုခံရပါစေခေါင်းကိုခါယမ်းပြီးငြင်းဆန်ဆဲပင်။

"မလုပ်ရဲပါဘူးကွာပြီးတော့ငါ့ညီမလေးနဲ့လည်းမခွဲရက်ဘူး"

ယန်ထျန်းဟန်ကသူ့ကိုကြည့်လိုက်သည်။

"ဘာဖြစ်လု့ိအဲ့ဒီကိစ္စကိုခင်ဗျားမိဘတွေညီမလေးတွေနဲ့အရင်မတိုင်ပင်ကြည့်ရတာလဲ?ကျွန်တော်လျို့ဝှက်ချက်တစ်ခုပြောပြမယ်;ကျွန်တော့အကိုကြီးကခင်ဗျားအတွက်တစ်နေရာစာချန်ထားပေးတယ်..အကယ်၍ခင်ဗျားခေါင်းညိတ်လိုက်တာနဲ့စာရင်းမှာခင်ဗျားနာမည်ပါသွားပြီ....အဲ့ဒါကိုမှမသွားချင်သေးဘူးဆိုရင်လည်းကျွန်တော့အကိုကြီးကအဲ့ဒီတစ်နေရာတစ်ခြားတစ်ယောက်ကိုပေးလိုက်ရတော့မှာပေါ့"

လင်ကျန်ထျန်းမှာထိတ်လန့်သွားမိသည်။သူကယန်ထျန်းဟန်အားအံ့သြတကြီးကြည့်မိ၏;လင်ရွှမ်းဇီကအဲ့ဒီလိုအဖိုးတန်လှတဲ့နေရာကိုသူ့အတွက်တကယ်ပဲချန်ထားပေးမယ်လို့သူလုံးဝမတွေးခဲ့မိဘူး!

သိရမည်မှာနက်ရှိုင်းကောင်းကင်ဂိုဏ်းကနှစ်စဉ်ဝင်ခွင့်စာမေးပွဲတစ်ခုသာလုပ်ပြီးလူအယောက်တစ်ရာထဲမှတစ်ယောက်သာရွေးချယ်တာဖြစ်သည်။ဒါ့အပြင်လက်ခံမှုကိုခံလိုက်ရသည့်တပည့်များသည်လည်းအပြင်စည်းတပည့်အဖြစ်သူတို့အလုပ်များကိုစတင်လုပ်ဆောင်ရသေးသည်။ဒီလိုမျိုးအတွင်းပိုင်းထောက်ခံပေးမှုကတော့ဒီဖြစ်စဉ်တစ်ခုလုံးကိုကျော်ချနိုင်ပြီးဆရာသခင်တစ်ယောက်ရဲ့လက်အောက်မှာလေ့ကျင့်သင်ကြားခွင့်ရှိသည့်အတွင်းစည်းတပည့်တိုက်ရိုက်ဖြစ်သွားစေနိုင်သည်။အထဲမှာဆက်ဆံခံရသည့်ပုံစံကလည်းကောင်းကင်နှင့်မြေကြီးလိုပင်။

အရေးကြီးဆုံးအရာကတော့အာကာသအဆင့်ဂိုဏ်းများအားလုံးသည်အသက်နှစ်ဆယ့်ငါးနှစ်အောက်တပည့်များကိုသာလက်သင့်ခံသည်။အကယ်၍အဲ့ဒီထက်အသက်ကြီးသွားပြီဆိုရင်တော့အဲ့ဒီလူကအထူးတလှယ်ပါရမီရှိတာဖြစ်ရင်ဖြစ်မဟုတ်ရင်သူတို့မိသားစုထဲမှာအတွင်းပိုင်းထောက်ခံမှုရရှိမှသာ,မဟုတ်ရင်တော့သူတို့ဂိုဏ်းထဲဝင်ရောက်နိုင်မည့်အခွင့်အရေးမရှိတော့ပေ။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now