Chapter(298) - ချင်းကျူရဲ့ စိတ်ခံစားချက် ပေါက်ကွဲမှု

3.3K 794 39
                                    

Unicode

အခန်း(၂၉၈) - ချင်းကျူရဲ့ စိတ်ခံစားချက် ပေါက်ကွဲမှု

ရန်စစော်ကားသလို ခံစားလိုက်ရတာကြောင့် ပြုံးချင်ယောင် ဆောင်နေတဲ့ ရှစ်ယုံ့ထိုင်ရဲ့ မျက်နှာက ချက်ချင်းပင် မဲမှောင်သွားတော့သည်။

ရှစ်ယုံ့ထိုင်က နှာခေါင်းရှုံ့လိုက်သည်။

"ချင်းကျူ, ငါ, ရှစ်ယုံ့ထိုင်က မင်းကို မျက်နှာသာပေးနေတာ; သိပ်ပြီး အရှက်မမဲ့စမ်းနဲ့, အမှန်အတိုင်းပြောရရင် 'ငြိမ်းအေးခြင်းဆေးပင်စံအိမ်'က အစောကတည်းက ပိတ်သွားခဲ့ပြီးနေပြီ, 'ငြိမ်းအေးခြင်းဆေးပင်စံအိမ်' တစ်ခုတည်းမှ မဟုတ်ဘူး လင်ကျန်ရဲ့ နာမည်အောက်က စီးပွားရေးအကုန်လုံးနီးပါး အနည်းနဲ့ အများတော့ လုံးဝရှုံးနိမ့်ကုန်ကြတာချည်းပဲ, အကယ်၍ တစ်ယောက်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင် လူတွေကို ဆန့်ကျင်ပြီး အခန့်မသင့်တဲ့ အချိန်မှာ သေသွားတဲ့ သူ့ကိုပဲ သွားအပြစ်တင်ရမှာ, မဟုတ်ရင် 'ငြိမ်းအေးခြင်းဆေးပင်စံအိမ်'က နောက်ထပ် တစ်နှစ်ခွဲလောက်တော့ ရှင်သန်နိုင်လိမ့်ဦးမယ်....ဟက်, အရာအားလုံးက အတိတ်မှာကတည်းက နိဂုံးချုပ်သွားပြီ!"

ချင်းကျူက အန္တာရယ်များစွာဖြင့် မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။

"သခင်လေးကျန်က မင်းကိုဘယ်လို ဆက်ဆံပေးခဲ့လဲဆိုတာ မေ့သွားပြီလို့တော့ မပြောနဲ့?"

"သူငါ့ကို ဘယ်လိုဆက်ဆံလဲ?သူက ငါ့ကိုကြင်နာပါတယ် ဒါပေမဲ့ ငါက အမြဲတမ်း သူ့မျက်လုံးထဲမှာ ကျွန်အိုကြီးတစ်ယောက်ပဲ ဖြစ်နေခဲ့တာ, ဒီဆိုင်ကို ပေးခဲ့တယ် ဆိုတာကလည်း ငါသိပ်ပြီး မနေရတော့ဘူးဆိုတာကို သိနေခဲ့လို့, သူက ငါသေသွားပြီးရင် ပြန်ယူဖို့ စောင့်နေခဲ့တာသက်သက်ပဲ"

ရှစ်ယုံ့ထိုင်က ကျောကိုမတ်လိုက်ပြီး စကားဆက်သည်။

"ဒါပေမဲ့ ငါ့သူဌေးအသစ်ကတော့ ငါ့ကျင့်ကြံဆင့်ကို မြင့်တက်စေတယ်, ငါ့ရဲ့ အသက်ကြီးမှုကို ပြန်လည်နုပျိုစေပြီး ငါ့ရဲ့ ယုံ့ထိုင်စံအိမ်ကို နက်ရှိုင်းမြို့မှာ အကောင်းဆုံးဆိုင်တစ်ခုဖြစ်လာစေတယ်, ပြောစမ်းပါဦး, အကယ်၍ မင်းသာ ငါဆိုရင်ရော ဘယ်တစ်ခုကို ရွေးချယ်မှာလဲ?"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now