Chapter(389) - မြောက်မြားလှသည့် မစ်ရှင်များ

2K 445 14
                                    

Unicode

အခန်း(၃၈၉) - မြောက်မြားလှသည့် မစ်ရှင်များ

ယန်ထျန်းဟန်က ရုတ်တရက် နားလည်သွားသည်။

"ဒီစာကြောင်းကို နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ရဲ့ အပြင်ဘက်က ဂျီမိသားစုရဲ့ ကျောက်စာတိုင်မှာ ရေးထားတယ်"

"အမှန်ပဲ"

ဂျီယွန်ဝေက ခေါင်းညိတ်ပြသည်။

"အဲ့ဒါကို ဒီလောက က လူတွေအမြဲ တွေးတာကြတော့ ငါတို့မိသားစုက နတိဆိုးသားရဲ အင်္သေချေ တောအုပ်ကို ငါတို့ရဲ့ ပိုင်နက်အဖြစ်သတ်မှတ်ပြီး ကျူးကျော်လာသူတွေ အားလုံးကို သတ်ပစ်ဖို့ ဆုံးဖြတ်ထားတာဆိုပြီးတော့လေ။ ဒါပေမဲ့ တကယ်တမ်းက တိမိသားစုတောင် နတ်ဆိုးသားရဲ အင်္သေချေတောအုပ်ထဲက တစ်ချို့ နတ်ဆိုးသားရဲ အကြီးကြီးတွေရဲ့ အနားယူမှုကို နှောင့်ယှက်မိပြီး သူတို့ အသက်ဆုံးရှုံးမှာကို စိုးရိမ်တာ"

လန်ဂျီရွှယ်က နက်နက်ရှိုင်းရှိုင်း သက်ပြင်းချသည်။

"ကျွန်တော့်အတွေးတွေ လွဲမှားသွားခဲ့တာပါ"

ရှုန်းယွင်က အခိုင်အမာ ဝင်ပြောလာသည်။

"အဲ့ဒါက စီနီယာအစ်ကိုကြီးရဲ့ အမှားမှ မဟုတ်တာ။ အဲ့ဒါက ဂိုဏ်းသခင်ရဲ့ အမှားပဲ!"

"ရန်ပုလင်?"

လင်ရွှမ်းဇီ ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူ့နှလုံးသားထဲမှာတော့ ရန်ပုလင်အား တိုင်တစ်ခုပေါ်မှာ ဆွဲထားပြီး သူ့အလောင်းကို အကြိမ်ရေ မရေမတွက်နိုင်အောင် ကြာပွတ်နဲ့ ရိုက်ပြီးနေလေပြီ။ အမြီးကိုးချောင်း နတ်မြေခွေးနဲ့ တွေ့ပြီးကတည်းက သူက ရန်ပုလင်၏ အရိုးများအား ပြာအဖြစ် ပြောင်းရန် အလွန်စိတ်စောနေခဲ့မိ၏။

လင်ရွှမ်းဇီက မေးလိုက်သည်။

"ရန်ပုလင်က ဘာလို့ မင်းတို့ကို ဝင်လာခိုင်းတာလဲ?"

လန်ဂျီရွှယ်သည် လင်ရွှမ်းဇီထံမှ ဂိုဏ်းသခင်၏ နာမည်အား တိုက်ရိုက်ခေါ်လိုက်သည်ကို ကြားလိုက်တာနဲ့တင် ဂိုဏ်းသခင်အပေါ် လင်ရွှမ်းဇီရဲ့ အမြင်က အတော်လေး နည်းပါးနေကြောင်း သိလိုက်သည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now