Chapter(276) - ရင်သပ်ရှုမောဖွယ်ဓားသိုင်း

4.1K 913 28
                                    

Unicode

အခန်း(၂၇၆) - ရင်သပ်ရှုမောဖွယ်ဓားသိုင်း

ယန်ထျန်းဟန်ကခေါင်းကိုသာခါယမ်းသည်။

"ဟင့်အင်း,ဒါကငါ့ရဲ့ကိုယ်ပိုင်ရွေးချယ်မှု..ဒီလိုလမ်းတစ်ဝက်အရောက်မှလက်လျော့ပြီးအကိုကြီးကိုပြဿနာရှာပေးလို့မဖြစ်ဘူး,မဟုတ်ရင်တစ်ခြားသူတွေကငါ့ကိုအထင်သေးပြီးငါ့အကိုကြီးကိုလှောင်ပြောင်ကြလိမ့်မယ်"

ဖုန်ကျင်းယွီကအတောင်ပံကိုတစ်ဖြတ်ဖြတ်ခတ်ရင်းအော်သည်။

"အရူးကောင်!မင်းကအမြဲတမ်းမင်းအကိုကြီးအတွက်ပဲအရင်ဆုံးတွေးပေးနေတာမင်းရဲ့ဒီစိတ်ပျက်စရာအခြေအနေကိုအရင်ဆုံးစဉ်းစားလို့မရဘူးလား?မတော်လို့မဟာအကြီးအကဲဟွိုင်ယွီကတံခါးပိတ်တရားကျင့်ကြံခြင်းလုပ်နေပြီးမင်းရဲ့လက်ရှိစိတ်ပျက်စရာအခြေအနေကိုမသိလိုက်ဘူးဆိုရင်အကယ်၍မင်းဒီမှာပဲသေသွားရင်ဘယ်လိုလုပ်မလဲ?"

ယန်ထျန်းဟန်ရဲ့တောက်ပတဲ့မျက်လုံးများကတော့ရှေ့ကိုသာလှမ်းမျှော်စိုက်ကြည့်နေသည်။

"အဲ့ဒီလိုဆိုရင်လည်းငါ့ရဲ့ကံကြမ္မာပဲဆိုတော့ငါလက်ခံရမှာပေါ့....မောက်မောက်,အကယ်၍ငါဒီအတားအဆီးလေးကိုတောင်မကျော်ဖြတ်နိုင်ဘူးဆိုရင်ဘယ်လိုများငါ့အကိုကြီးဘေးမှာတန်းတူရပ်နေနိုင်မှာလဲ?"

ဖုန်ကျင်းယွီကအေးစက်စက်တုန့်ပြန်သည်။

"အကယ်၍မင်းဒီအတားအဆီးကိုကျော်ဖြတ်နိုင်ရင်တောင်မင်းကလင်ရွှမ်းဇီနဲ့ယှဉ်ရင်အဝေးကြီးလိုနေသေးတယ်"

ယန်ထျန်းဟန်, "...."

သူဆုံးဖြတ်လိုက်ပြီ,အကယ်၍သူအစာငတ်လို့သေရပါတော့မယ်ဆိုရင်မောက်မောက်ကိုကင်စားပစ်မယ်!

ယန်ထျန်းဟန်သည်သုံးပေအကွာလောက်ကမြူခိုးများပြည့်နေသည့်အဖြူရောင်သစ်တောကိုကြည့်လိုက်ပြီးနောက်အံကိုကြိတ်လိုက်ပြီးအားမကိုးရတဲ့ကျားပေါက်လေးနှစ်ကောင်နှင့်ဘေးကနေစိတ်အားထက်သန်စွာသာကြည့်နေသည့်ငှက်တစ်ကောင်ကိုခေါ်ရင်းရှေ့သို့ဆက်ပြီးလျှောက်လှမ်းလိုက်တော့သည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now