Chapter(233) - အာကာသအဆင့်ဆေးလုံး

4.6K 976 53
                                    

Unicode

အခန်း(၂၃၃) - အာကာသအဆင့်ဆေးလုံး

ယွမ်ထျန်းဝမ်ရဲ့နှုတ်ခမ်းထောင့် စွန်းတွေအောက်စိုက်ကျနေတာ ကိုကြည့်လိုက်တာနဲ့သူ့ဇနီးက နောက်တစ်ကြိမ်ထပ်ထွက်ပြေး သွားပြီမှန်းဆုမိုသိလိုက်သည်။ သူ့သားကလူပုံအလည်မှာ သူ့ကိုယ်သူအရူးလုပ်မှာအား တားဆီးနိုင်ရန်အတွက်ဆုမိုက ယွမ်ထျန်းဝမ်အားကောင်းကင် တောင်ထွတ်မြို့ရှိယွမ်မိသားစု ခြံဝင်းထဲအလျင်အမြန်ခေါ်သွား ရတော့လေသည်။

တံခါးကိုပိတ်လိုက်သည်နှင့် ယွမ်ထျန်းဝမ်ရဲ့ဝမ်းနည်းနေသော 'ဖေဖေ'ဟုခေါ်လိုက်သံအားကြား လိုက်ရပြီးဘာဖြစ်တာလဲမမေးရေ သေးခင်မှာပင်မျက်ရည်နှစ်စက် ကျဆင်းသွားသည်။

ဆုမို, "..."

ဆုမိုရဲ့နှလုံးသားမှာဆိုးဆိုးဝါးဝါး နာကျင်သွားရသည်။သူကသူ့ရဲ့ မျက်ရည်အပြည်နှင့်သားလေး အားသူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး ယွမ်ထျန်းဝမ်ကကလေးဘဝတုန်း ကသူ့ကိုချွဲနွဲ့တဲ့အချိန်လုပ်ပေးခဲ့တဲ့ အတိုင်းကျောကုန်းကိုညင်ညင် သာသာပုတ်ပေးလိုက်၏။

"ဖေဖေ,သူသားကိုသဘောမကျတော့ဘူး"

ယွမ်ထျန်းဝမ်ရဲ့အသံကညည်းညူ သလိုမျိုးတိုးတိတ်နေသည်။

"ကျွန်တော်သူ့ကိုပိုးပန်းတဲ့ကိစ္စက သူ့အတွက်တော့ဝန်ထုပ်ဝန်ပိုးပဲတဲ့; သူ့ဘဝကိုထပ်ပြီးမနှောင့်ယှက်ပါနဲ့ တော့ဆိုပြီးကျွန်တော့ကိုတောင်းဆို လိုက်တယ်..ကျွန်တော်ကအဲ့ဒီလောက် တောာင်စက်ဆုပ်ရွံရှာဖို့ကောင်းနေ တာလား?"

"ဖေဖေ,ကျွန်တော်မှားခဲ့တာ ကျွန်တော်သိပါတယ်..ကျွန်တော် ပြောင်းလဲပြီးသွားပြီလေ....သူ့ကို ကျွန်တော့ရဲ့ဘဝတစ်ခုလုံးလို ဆက်ဆံပြီးသူ့အတွက်လျော်ကြေး ပေးချင်တာ-"

"ဒါပေမဲ့ဘာလို့သူကျွန်တော့ ကိုမလိုချင်သေးတာလဲ?"

ယွမ်ထျန်းဝမ်ရဲ့ပုံစံကစွန့်ပစ်ခံထား ရတဲ့ကလေးတစ်ယောက်လိုဖြစ်နေ သည်။သူကလုံးဝကိုဝမ်းနည်းနေပြီး ရှင်းရှင်းလင်းလင်းကိုအရွယ်ရောက် နေပြီဖြစ်သော်လည်းအခုတော့သူ့ ရဲ့ကလေးဆန်ပြီးသနားစရာကောင်း လှသည့်ပုံစံကိုထုတ်ပြနေမိ၏။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now