Chapter(349) - အားကုကို ရှာဖွေခြင်း

2.6K 645 15
                                    

Unicode

အခန်း(၃၄၉) - အားကုကို ရှာဖွေခြင်း

ရက်အနည်းငယ် ကြာပြီးတာတောင် မဟာအကြီးအကဲ ဟွိုင်ယွီက ခရီးကနေ ပြန်မရောက်လာသေးပေ။ သို့သော်လည်း ဖုန်ကျင်းယွီကတော့ နီရဲနေသည့် မျက်လုံးများဖြင့် မြူခိုးတောအုပ်ထဲကို အပြေးအလွှား ရောက်လာသည်။ သူက ပန်းတိုင်မဲ့နေတဲ့ သူတစ်ယောက်လိုမျိုး တောအုပ်ထဲမှာ လှည်ပတ်ပျံသန်းနေပြီး ယခုအခါမှာတော့ လုံးဝမျှော်လင့်ချက် ကင်းမဲ့နေရှာသည်။ အချိန်တိုလေး တစ်ခုလောက် ကြာမှသာ ယန်ထျန်းဟန်က သူ့ကို ရှာတွေ့သွားပြီး မြူခိုးတောအုပ်ထဲကနေ ကယ်ဆယ်လိုက်ရ၏။

သူ့မျက်နှာပေါ်မှာ ပြင်းပြင်းထန်ထန် ဒေါသထွက်နေသည့် အမူအယာဖြင့် ခေါင်းပေါ်က အမွှေးလေးများသည်လည်း ချွေးများဖြင့် စိုရွှဲကာ ထောင်ထနေသည်ကိုမြင်သောအခါ ယန်ထျန်းဟန်က မနေနိုင်စွာပဲ ဖုန်ကျင်းယွီရဲ့ ခေါင်းလေးကို ပွတ်ပေးမိသည်။

"မောက်မောက် မင်းကို ဘယ်သူ အနိုင်ကျင့်လိုက်တာလဲ?"

ဖုန်ကျင်းယွီက စူးရှစွာ အော်ဟစ်သည်။

"လင်းချီကုကို မတွေ့တော့ဘူး, သူပျောက်နေတယ်, သူ့ကိုဘယ်သူ ခေါ်သွားလဲ ငါမသိလိုက်ဘူး!"

ဖုန်ကျင်းယွီက ယန်ထျန်းဟန်ရဲ့ ခေါင်းထိပ်လေးပေါ် ပျံသန်းသွားပြီး သူ့ဆံပင်လေးများကို ဆုပ်ထားလိုက်သည်။

"မြန်မြန် ငါနဲ့တောင်အောက်လိုက်ပြီး အားကုကို သွားရှာကြမယ်, မြန်မြန်လုပ်!"

ထိုစကားကိုကြားတော့ ယန်ထျန်းဟန်က အပြစ်ရှိစိတ်လေးဖြင့် သူ့နှာခေါင်းကိုထိလိုက်မိ၏။

"အဲ့ဒါကလေ....အားကုကို ငါနဲ့အကိုကြီးနဲ့ တောင်ပေါ် ခေါ်လာခဲ့တာ"

ဖုန်ကျင်းယွီ , "...အန်?"

ဖုန်ကျင်းယွီမှာ သူဆုပ်ကိုင်ထားမိသည့် ယန်ထျန်းဟန်ရဲ့ ဆံပင်လေးများကို လွှတ်ပေးလိုက်ပြီး ရှုပ်ပွ သလောင်းလံနေသည့် အမွှေးလေးများလည်း ပြန်လဲသွားသည်။ သူက ယန်ထျန်းဟန်အား မျက်နှာခြင်းဆိုင်ရန် သူ့မျက်နှာရှေ့ကို ပျံသန်းလာလေသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now