Chapter(365) - သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ်

2.4K 568 6
                                    

Unicode

အခန်း(365) - သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ်

လင်ဇီဂျီက ရှင်းပြသည်။

"တပည့်ရင်းတွေပဲ တောင်ပေါ်ကို ဓားနဲ့တက်ခွင့်ရှိတာ။ အခုချိန်မှာ ကျွန်တော်က အတွင်းစည်း တပည့်အဆင့်ပဲ ရှိသေးတာမို့လို့ အရည်အသွေး မပြည့်မှီသေးဘူး။ လူတိုင်းကို အဆင်မပြေ ဖြစ်စေမိတဲ့အတွက် တကယ် စိတ်မကောင်းပါဘူး"

ဘယ်အချိန်ပဲ ဖြစ်နေပါစေ လင်ဇီဂျီက သူ့မိသားစုနဲ့ မျက်နှာခြင်း ဆိုင်ရတာတောင် ယဉ်ကျေးနေဆဲပင်။

လင်သခင်မရဲ့ မျက်နှာ အခြေအနေက သိပ်မကောင်းပဲ ပြန်ဖြေသည်။

"အဲ့ဒီလို ဆိုရင်တောင် ငါ့မိသားစုရဲ့ ယွီရိုက သူ့ကို လက်ထပ်ယူမှာလေ, အနာဂတ်မှာ ယွီရိုက တပည့်ရင်း တစ်ယောက်ထက် အဆင့်အတန်း မြင့်တဲ့ တောင်သခင်မ တစ်ယောက် ဖြစ်လာမှာပဲဟာကို။ အကယ်၍ နင်သာ ဒီနေ့ သူမကို လစ်လျူရှုလိုက်မယ် ဆိုရင် နောက်ပိုင်းမှာ နင့်ကို မှတ်ထားလိမ့်မယ်နော်"

လင်ဇီဂျီကတော့ ရယ်ရတယ်ဟုသာ တွေးမိသည်။

"ဒေါ်လေး, တုချီယင်းက ပြောထားတယ်နော် သူက ယွီရိုကို လက်ထပ်မယ် ဆိုပေမယ့် သူ့ရဲ့ တရားဝင် ဇနီးကြီး ဖြစ်လာမှာ မဟုတ်ဘူး။ သူမက သူ့ရဲ့ ကိုယ်လုပ်တော်ပဲ ဖြစ်မှာ"

"ကိုယ်လုပ်တော်?"

လင်သခင်မက စိတ်ထဲ မှားကြားမိတယ်ဟုပင် တွေးမိသွားသည်။

လင်ဇီဂျီက ခေါင်းညိတ်ပြလေသည်။

"အမှန်ပဲ"

"ဘာပြောလိုက်တယ်?!"

လင်ရူဟိုင်က ရုတ်တရက် ဒေါသတကြီး ဖြစ်သွားကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မိသွားသည်။

"အဲ့ဒီ တုချီယင်းက ဒါတော့ လွန်လွန်းသွားပြီ!"

လင်မိသားစုရဲ့ ပင်ရင်းမိသားစုက တစ်စုံတစ်ယောက်က ဘယ်လိုလုပ် ကိုယ်လုပ်တော် တစ်ယောက် ဖြစ်နိုင်မှာလဲ?

လင်ရူဟိုင်က ချက်ချင်း ရပ်တန့်သွားပြီး အစောတလျှင် ပြောလာသည်။

"ငါနဲ့ အခုပဲ အိမ်ပြန်လိုက်ခဲ့တော့။ လင်မိသားစုရဲ့ ပင်ရင်းမိသားစုက လူက ဘယ်တော့မှ ကိုယ်လုပ်တော် မဖြစ်သင့်ဘူး!"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now