Chapter(241) - အထီးကျန်ကြယ်

4.6K 998 46
                                    

Unicode

အခန်း(၂၄၁) - အထီးကျန်ကြယ်

လင်လျိုချွန်းကနှစ်ယောက်သားရဲ့ ဆက်နွယ်မှုကိုမိန်းမောတွေဝေစွာ နေ့တစ်ဝက်လောက်ကြည့်နေမိပြီးမှ နောက်ဆုံးမှာစားပွဲခုံကိုရိုက်လိုက် တော့သည်။သူကနှစ်ယောက်လုံးကို ပျင်းရိစွာမျက်လုံးမှေးကျဉ်း၍ကြည့် လိုက်လေသည်။

"လင်ရွှမ်းဇီ,ဇာတ်လမ်းအရှည်ကို အတိုချုန်းပြော"

လင်ရွှမ်းဇီကသူ့ကိုယ်သူအတော်အတန် ထိန်းချုပ်လိုက်ပြီးမှသဘောတူလိုက်သည်။သူကဆေးလုံးကန့်သတ်လျို့ဝှက်နယ်မြေ ထဲမှာဘယ်လိုမျိုး Hepta-Brilliant Sacredမီးကိုရခဲ့လဲဆိုတာနဲ့ရှန်ချောင်ကွန်း နဲ့သူ့နောက်လိုက်တွေဆီကနေဘယ်လိုမျိုး ဝိုင်းရံခံခဲ့ရလဲဆိုတဲ့အကြောင်းကိုဂရုတစိုက် ရှင်းပြလိုက်၏။

သူနဲ့ယန်ထျန်းဟန်ကြားထဲက ပဋိပက္ခနှင့်သွမ့်ယွီယန်နဲ့ယွမ်ထျန်းဝမ် တို့ကြားထဲမှာဖြစ်ပျက်ခဲ့သမျှကို တော့လင်ရွှမ်းဇီသည်၎င်းနှင့်ပတ်သတ် သည့်စကားတစ်ခွန်းပင်မပြောပေ။ အမွှေးတိုင်တစ်တိုင်ထွန်းမျှအချိန်ကို ကုန်ဆုံးပြီးနောက်လင်ရွှမ်းဇီကသူ့ရဲ့ စကားပြောဆိုမှုကိုအဆုံးသတ်လိုက်သည်။

လင်လျိုချွန်းကအတွေးနက်နေရာမှ စိတ်ပျက်လက်ပျက်ပုံပေါက်လာသည်။

"ဘယ်လိုပဲဖြစ်ပါစေအဲ့ဒီ
Hepta-Brilliant Sacred မီးကလုချင်းလီနဲ့အရင်ဆုံးသက်ဆိုင် ခဲ့တဲ့ပစ္စည်းပဲကို,ပြီးတော့အဲ့ဒီဆေးလုံး ကန့်သတ်လျို့ဝှက်နယ်မြေကလည်း ရှန်မိသားစုပိုင်ဆိုင်တာမဟုတ်ပြန်ဘူး"

"အမှန်ပဲ" လင်ရွှမ်းဇီကပြောသည် "ကျွန်တော်အဲဒါကိုတော့သေချာတယ်"

လင်လျိုချွန်းကစိတ်သက်သာရာရ စွာသက်ပြင်းချလိုက်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

"ငါနားလည်ပြီ,Hepta-Brilliant Sacredမီးကမင်းကိုပိုင်ရှင်မှန်ကပေး လိုက်တာဆိုမှတော့သိမ်းထားလိုက်, ဒါပေမဲ့ဒီနေ့ပြီးနောက်ပိုင်းမှာHepta-Brilliant Sacred မီးကမင်းလက်ထဲမှာဆိုတာ လူတိုင်းသိနေလိမ့်မယ်ပြီးတော့ မင်းကိုပစ်မှတ်ထားလာတဲ့သြဇာ အာဏာရှိလူအနည်းငယ်တောင် ပါနေမှာကိုငါစိုးမိတယ်..မင်းသေချာ ဂရုစိုက်မှဖြစ်မှာ"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now