Chapter(206) -ငါတကယ်မလုပ်ဘူး

4.1K 967 26
                                    

Unicode

အခန်း(၂၀၆) - ငါတကယ်မလုပ်ဘူး

ယန်ထျန်းဟန်သည်လင်ရွှမ်းဇီရဲ့ သူ့အပေါ်ဆက်ဆံမှုကဘာကြောင့် (၁၈၀)ဒီဂရီလောက်ပြောင်းလဲသွားလဲ ဆိုတာကိုနားမလည်တာသာရှိသည်။ ယန်ထျန်းဟန်အနေနဲ့ကလင်ရွှမ်းဇီ အပြင်းအထန်ဒဏ်ရာရပြီးအိပ်ယာ ထဲလဲနေတဲ့အချိန်မှာဘယ်တော့မှ လက်မလျှော့ခဲ့ပဲသစ္စာရှိခွေးလေး တစ်ကောင်လိုလိုက်ခဲ့တာပဲရှိတာလေ။

လင်ရွှမ်းဇီကအကယ်၍ကျောက်တုန်း ဆိုရင်တောင်အဲ့ဒါကြောင့်နွေးထွေးမှု ခံစားခဲ့ရလိမ့်မည်။

အကယ်၍သူသာလင်ရွှမ်းဇီလဲကျနေ တုန်းကလင်ဇီဂျီလိုမျိုးကျောက်တုန်းနဲ့ ပေါက်ခဲ့မယ်ဆိုရင်အခုချိန်မှာသူက လင်ရွှမ်းဇီရဲ့မေ့လျော့ခံဟိုးတုန်းက တည်းကဖြစ်သွားခဲ့မှာကိုပဲကြောက်မိသည်။

လင်ဇီဂျီကိုစဉ်းစားမိသောအခါ ယန်ထျန်းဟန်ရဲ့အတွေးများက နောက်တစ်ဖန်နစ်မြုပ်သွားရပြန်သည်။

လင်ဇီဂျီကစံနမူနာကောင်း တစ်ရပ်ပဲဖြစ်သည်လေ။

သူကလင်ရွှမ်းဇီလဲကျစေရန်မျိုးစုံ လုပ်ဆောင်ခဲ့ဘူးသည်။သူ့အမေမဒမ်ပိုင် နဲ့တတိယအကြီးအကဲတို့ကလည်း တစ်ယောက်နဲ့တစ်ယောက်ပူးပေါင်းပြီး လင်ရွှမ်းဇီကိုသေအောင်အငတ်ထားကြ ဖို့အသည်းအသန်တောက်လျှောက်ကြိုး စားခဲ့ကြသည်။

အဲ့ဒါတောင်လင်ရွှမ်းဇီနဲ့လင်ဇီဂျီတို့ ကပြန်လည်သင့်မြတ်လာကြသေးတယ်။

အကယ်၍အဲ့ဒါကမှ 'မိသားစုတွေကအတူတကွပေါင်း စည်းကြတယ်'ဆိုတာမဟုတ်ရင် တစ်ခြားဘာများဖြစ်နိုင်မှာလဲ?

ယန်ထျန်းဟန်မှာရုတ်တရက်မှိုင်တွေ မှုနှင့်ဝမ်းနည်းမှုကိုခံစားလိုက်ရသည်။ ဒီလူတွေနဲ့သူ့စကားတွေကိုဖြုန်းတီးရ ခြင်းကတကယ်ကိုအဓိပ္ပါယ်မဲ့တာပဲ။

ထို့ကြောင့်ယန်ထျန်းဟန်ကကြောက် လန့်နေသလိုမျိုးသူ့အခြေအနေကို ပြောင်းလဲလိုက်သည်။

"ကျွန်တော်ပြန်ပြီးအကိုကြီးကိုပြော ပေးမယ်တစ်ခြားအကြောင်းအရာ ရှိသေးလား?"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now