Chapter(372) - အနောက်ဘက် တိုက်မကြီးကိုရောက်ပြီ

2.4K 535 12
                                    

Unicode

အခန်း(၃၇၂) - အနောက်ဘက် တိုက်မကြီးကိုရောက်ပြီ

လင်ရွှမ်းဇီက ထိုစကား ကြားတဲ့အချိန်မှာ ဖုန်ကျင်းယွီအား ပထမဆုံးအကြိမ်အနေနဲ့ သိလိုက်၇သလိုပင်။ သူက ဖုန်ကျင်းယွီအား ကြည့်လိုက်သည်။

"အကယ်၍ သူက ကံကောင်းလွန်းလို့ တစ်နေ့နေ့မှာ သူ့ရဲ့ ဝိညာဉ်ခုနှစ်ခုနဲ့ စိတ်ဝိညာဉ်သုံးခုက သူ့ခနာတကိုယ်ထဲ ပြန်ရောက်လာခဲ့ပြီး မှတ်ဉာဏ်တွေ ပြန်ရသွားခဲ့မယ် ဆိုရင် မင်းဘယ်လိုလုပ်မလဲ?"

ဖုန်ကျင်းယွီက စိတ်လက်ပေါ့ပါးဟန် ဆောင်နေသည်။

"ငါအဲ့ဒါကို စဉ်းစားဘူးတယ် ဒါပေမဲ့ အဖြေမရှိဘူး။ အဲ့ဒီအချိန်လောက်ဆို ငါတစ်ခြားတစ်ယောက်ယောက်နဲ့ ချစ်မိသွားပြီး လင်းချီကုနဲ့ ခွဲခွာလိုက်တာလည်း ဖြစ်နိုင်တာပဲလေ။ ထပ်ဖြစ်နိုင်တာက.....သူက နယ်မြေကြီးကိုးခုကို ပြန်ပြီး သူ့ရဲ့ တတိယမင်းသားကို ကာကွယ်ပေးမှာပေါ့, ငါကတော့ အနောက်ဘက် နယ်မြေကိုပြန်ပြီး အနောက်ဘက်အုပ်စိုးရှင်ပြန်လုပ်ရင်းနဲ့ ကိုယ့်လမ်းကိုယ် လျှောက်ကြမယ်။ သက်တမ်း နှစ်ခုလုံး အတူတူ ပျော်ပျော်ရွှင်ရွှင် နေပြီးသွားတဲ့နောက်မှာ သူစိမ်းတွေ ပြန်ဖြစ်သွားကြမှာပေါ့ အနာဂတ်ကို ဘယ်သူက အသေအချာ ပြောနိုင်မှာတဲ့လဲ?"

လင်ရွှမ်းဇီက ခေါင်းညိတ်ပြသည်။

"အဲဒါက တကယ်ပဲ ပြောရခက်ပါတယ်"

သူ့အရင်ဘဝက ဒီလိုအချိန်မျိုးမှာ ယန်ထျန်းဟန်ကို သူ့နှလုံးသားရဲ့ထိပ်ဆုံးမှာ တင်ထားမိမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိသလိုပဲပေါ့။

ကောင်းကင်ဘုံရဲ့ တာအိုက အမြဲတမ်း လူတွေကို စနောက်ရတာ သဘောကျတယ်လေ

မဖြစ်သေးတဲ့ အရာတိုင်းက ကြိုတင်မှန်းဆလို့ မရတဲ့ အရာတွေပဲ

*****

မြင်းများနဲ့ ရထားများက အရှိန်ပြင်းပြင်းဖြင့် ပြေးနေကြသည်။

"နောက်ထပ် မိုင်(၈၀၀)ဆိုရင် အနောက်ဘက် တိုက်မကြီးရဲ့ နယ်နမိတ်ထဲဝင်သွားပြီ"

ယွမ်ထျန်းဝမ်က သတင်းပို့လာသည်။

ဓားနဲ့ ပျံသန်းတာက ပိုမြန်သော်လည်း မတော်တဆ ဆိုတဲ့ အရာအတွက် ကိုယ်ဝန်ရှိနေသော သွမ့်ယွီယွမ်အား ဂရုစိုက်ပေးရန် လိုအပ်နေဆဲဖြစ်သည်။ ထို့ကြောင့် လူအုပ်က အနောက်ဘက် တိုက်မကြီးအား ဦးချိုတစ်ချောင်းပါသည့် မြင်းများဆွဲသော ရထားလုံးများဖြင့် သွားရန်သာ ဆုံးဖြတ်လိုက်ကြသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now