Chapter(334) - ဆုတောင်းပြည့်လမ်းသွယ်၏သခင်

2.8K 662 35
                                    

Unicode

အခန်း(၃၃၄) - ဆုတောင်းပြည့်လမ်းသွယ်၏သခင်

လင်ယွီဖန်၏ မျက်လုံးများက မှောင်မိုက်မှုတစ်ခု ဖြတ်ခနဲ လင်းသွားသည်။

"မင်းရဲ့အစီအစဉ်က အကောင်အထည် ဖော်နိုင်သွားပြီလား?"

လင်ရွှမ်းဇီက ခေါင်းညိတ်ပြပြီး ပေါ့ပါးစွာပြောသည်။

"အချိန်ကျခါနီးနေပါပြီ, အခု ငါ့အဖေရဲ့ အရင်စီးပွားရေး ဟောင်းတွေကို ကျွမ်းကျင်သွားပြီဆိုတော့ အသုံးချတဲ့အချိန်မှာ အရမ်းအသုံးဝင်ပြီး လေ့ကျင့်သင်ကြားလို့လည်းကောင်းတယ်"

လင်ယွီဖန်က အမျိုးသမီးတစ်ယောက်နဲ့ တူပေမယ့်လည်း ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသားတစ်ယောက်ပဲ ဖြစ်နေတာပင်။ ကိုယ်ပိုင်အောင်မြင်မှုများကို ပြီးမြောက်အောင်မြင်ချင်စိတ်ရှိပြီး သမိုင်းမှာ သူ့နာမည်သူ ရေးထွင်းနိုင်အောင် လုပ်ချင်သည့်သူတစ်ယောက်။ လင်ရွှမ်းဇီနောက်သို့ လင်ယွီဖန် လိုက်ချင်ရသည့် အကြောင်းအရင်းကလည်း လင်ရွှမ်းဇီရဲ့ ကိုယ်ကျင့်တရားနဲ့ အရည်အချင်းက ကြီးမြတ်သည့် အရာများကို ဦးဆောင်နိုင်မယ်ဆိုတာ မြင်သောကြောင့်သာ။

ဒါ့အပြင် လင်ရွှမ်းဇီကလည်း အချိန်တန်လာရင် သူ့ကိုအရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုပေးမယ်ဟု ကတိပေးဖူးသည်လေ။

လင်ယွိဖန်က စိတ်လှုပ်ရှားသွားပြီး သူ့မျက်နှာတွင် အံ့အားသင့်သွားပုံပေါ်သည်။

"ဒုတိယဦးလေးက အတိတ်တုန်းက လက်အောက်ငယ်သားတွေ အများကြီး ရှိခဲ့ဖူးတာလား? အဲ့ဒီလက်အောက်ငယ်သားတွေကရော လင်မိသားစုနဲ့ အဆက်အသွယ်ရှိလား?"

လင်ရွှမ်းဇီက ရှင်းပြသည်။

"သဘာဝကျကျပဲ မရှိဘူး, အကယ်၍ သူတို့သာ လင်မိသားစုနဲ့ ချိတ်ဆက်နေရင် အဲ့ဒါက တကယ့်ကို ရှုပ်ထွေးမှုကြီး ဖြစ်သွားမှာပဲ, ငါလိုချင်တာက အလုံးစုံ ထိန်းချုပ်မှုဖြစ်ပြီးတော့ မိသားစုနဲ့ မျိုးနွယ်စုလိုမျိုး ပြင်ပအရာတွေ ချုပ်နှောင်မထားတာမျိုး "

လင်ယွီဖန်က သူ့နှုတ်ခမ်းထောင့်ကို မြှင့်လိုက်ပြီး တွေးတွေးဆဆ ပြောလာသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now