Chapter(309) - အရှက်မဲ့လွန်းတယ်

3.1K 697 51
                                    

Unicode

အခန်း(၃၀၉) - အရှက်မဲ့လွန်းတယ်

ဟွိုင်ယွီက သူ့ကို ပေစောင်းစောင်းကြည့်သည်။

"မင်းနားမလည်ပါဘူး, နတ်ဘုရား မျိုးနွယ်စုတွေရဲ့ နာမည်အောက်မှာ အကြီးတန်းမိသားစုတွေ ဒါဇင်ဒါမှမဟုတ် ရာပေါင်းများစွာရှိတယ်, သဘာဝကျကျပဲ နတ်ဘုရားမျိုးနွယ်စုတွေက အနိမ့်ပိုင်းဘုံတွေကို စောင့်ကြည့်ဖို့အတွက် သူတို့ကိုယ်တိုင် သွားမယ့်အစား လက်အောက်ငယ်သားတွေ လွှတ်တာပေါ့,... အပြန်အလှန်ထိန်းကျောင်းမှု ရှိဖို့အတွက် နတ်ဘုရားမျိုးနွယ်စု လက်အောက်က မတူညီတဲ့ မြတ်မြတ်တဲ့ မိသားစုတွေ အနည်းဆုံး နှစ်ခုလောက်က ဘုံအသေးလေးတွေကို စောင်ကြည့်ကြလိမ့်မယ်, ....အဲ့ဒီလက်အောက်ခံတွေက အနိမ့်ပိုင်းဘုံတွေကို ရောက်တဲ့အချိန်မှာ နတ်ဘုရားမျိုးနွယ်စုတွေရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရတာကြောင့် အပြင်ကိုလွတ်လွတ်လပ်လပ် သွားလာလို့မရဘူး, အဲ့ဒါက အချိန်အတော်လေး ကြာသည်အထိ ဆက်သွားနေပြီး အဲ့ဒီစောင့်ကြည့်ရေး မိသားစုတွေကို တစ်သီးတစ်သန့် မိသားစုတွေလို့ ခေါ်ကြတယ်" 

ယန်ထျန်းဟန်က ရုတ်တရက် နားလည်သဘောပေါက်သွားသည့် အမူအယာကို ပြလာသည်။

"လက်စသတ်တော့ တစ်သီးတစ်သန့် မိသားစုဆိုတာ အဲ့ဒီလိုဖြစ်လာတာကိုး... သူတို့တွေရဲ့ မူလက တိုက်ကြီးငါးတိုက်ကလို့ ကျွန်တော်က ထင်ထားတာ, ဒါပေမဲ့ သူတို့မှာ ပိုရှည်ကြာတဲ့ မိသားစုအမွေအနှစ်တွေရှိပြီး ပိုသန်မာတဲ့အပြင် ပိုပြီးလည်း လျို့ဝှက်ဆန်းကြယ်တယ်, မမျှော်လင့်ပဲ သူတို့တွေက ဒီနေရာနဲ့ လုံးဝမသက်ဆိုင်ဘူးပဲ" ယန်ထျန်းဟန်က တွေးတောလိုက်သည်။

ဟွိုင်ယွီက သူ့ခေါင်းလေးအား ပုတ်ပေးလေသည်။

"အဲ့ဒီဖြစ်နိုင်ခြေကို ငါတို့တွေ မဆုံးဖြတ်နိုင်ဘူး, ဒါပေမဲ့ ငါ့အမြင်အရတော့ ကျန်းမိသားစုနဲ့ လျှိုမိသားစုက သေချာပေါက် အထက်ဘုံက လွှတ်ထားတာဖြစ်လိမ့်မယ်, ဒါပေမဲ့, တိုက်ကြီးငါးတိုက်မှာ တစ်ခြား တစ်သီးတစ်သန့် မိသားစုတွေ ရှိမရှိကိုတော့ ငါမသိဘူး"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now