Chapter(394) - ကန်တစ်ခုလုံး အေးခဲပစ်ခြင်း

1.8K 440 5
                                    

Unicode

အခန်း(၃၉၄) - ကန်တစ်ခုလုံး အေးခဲပစ်ခြင်း

သေမျိုးလူသားများက ကျင့်ကြံရေး လောကကို ဝင်ရောက်နိုင်ဖို့ အလွန်ခက်ခဲပြီး ရှောင်းလင်ဖုန်းသည်လည်း ကြည့်ရတာ နှစ်ဆယ်ဝန်းကျင်လောက်သာ ရှိပုံရသည်။ သူက အတိတ်တုန်းက ချင်းကျူနဲ့ သိကျွမ်းခဲ့ဘူးတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?

ရှောင်းလင်ဖုန်းသည် ငြင်းလို့မရနိုင်သော အကြောင်းပြချက်တစ်ခုကို ပေါ့ပေါ့တန်တန် ပေးလိုက်သည်။

"ငါနဲ့ကျူအာက အတိတ်ဘဝနဲ့ ဆက်စပ်နေတာ"

အတိတ်ဘဝ?

လင်ရွှမ်းဇီရဲ့ အမူအယာက ပြောင်းလဲသွားပြီး ယန်ထျန်းဟန်နဲ့ တစ်ခြားသူများကတော့ နားမလည်နိုင်သည့် စကားတစ်ခုကို ကြားလိုက်ရသလိုမျိုး အူလည်လည်လေးတွေ ဖြစ်ကုန်ကြသည်။

သွမ့်ယွီယန်တစ်ယောက်တည်းသာ နှုတ်ခမ်းများရှုံ့မဲ့သွားခဲ့ပြီး မနေနိုင်စွာပဲ ပြင်းပြင်းထန်ထန် ဝေဖန်တော့တာ။

"ခင်ဗျား နည်းနည်းလောက်ပိုပြီး ပေါက်ကရဖြစ်တဲ့ စကားမျိုး ပြောပါဦးလား? ကျွန်တော်တို့အားလုံးက အစ်ကိုကြီး ကျူကျီလိုမျိုး ယုံလွယ်တယ်လို့ ထင်နေတာလား? ခင်ဗျားက အတိတ်ဘဝလို့ ပြောလိုက်တာနဲ့ပဲ အတိတ်ဘဝ ဖြစ်သွားရောလား? အတိတ်ဘဝက မှတ်ဉာဏ်တွေက ဒီလောက်အလွယ်ကူ ပြန်ရနိုင်မယ်လို့ ထင်နေတာလား?"

"မဟုတ်ဘူး, သူငါ့ကို မလိမ်ဘူး"

ချင်းကျူက ရှောင်းလင်ဖုန်းအတွက် စစ်မှန်လှစွာဖြင့် စိတ်ရင်းမှန်လှစွာ ပြောပေးလာသည်။

"ငါ့ရဲ့ တကယ့်ပုံစံ အစစ်အမှန်ကို လူအနည်းငယ်ပဲ သိနိုင်ပေမယ့် အစ်ကိုကြီးလင်ဖုန်းကတော့ တကယ်သိနေတာ။ ပြီးတော့လည်း သူပြောတာက ငါနဲ့ ငါ့ဘေးနားက အစ်ကိုကြီးသေးသေးလေးပဲ သိနိုင်မယ့် အရာလေ အဲ့ဒါကြောင့် လိမ်ပြောတာ မဟုတ်နိုင်ဘူး"

ချင်းကျူက အိမ်ကို ရှာတွေ့သွားတဲ့ ကလေးငယ်လေးလို ရှက်ဝဲဝဲလေးဖြင့် ချိုမြိန်စွာ ပြောနေတာပင်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now