Chapter(384) - အမြီးကိုးချောင်းမြေခွေး

1.9K 487 13
                                    

Unicode

အခန်း(၃၈၄) - အမြီးကိုးချောင်းမြေခွေး

ယန်ထျန်းဟန်က ရုတ်တရက် နားလည်သွားသည်။

"ကျွန်တော်သိပြီ။ ဒါက အရိပ်သက်တော်စောင့်တွေကို အဲ့ဒီလိုလည်း သုံးတယ်ဆိုတာကို ကြားဖူးတာ ပထမဆုံးပဲ"

ဂျီယွန်ဝေက အရိပ်သက်တော်စောင့်များအား တစ်ချက်ကြည့်လိုက်ပြီး ပြောလာသည်။

"တောနက်ပိုင်းထဲကို ဒီအတိုင်းကြီး ဝင်လို့ မရလောက်ဘူးထင်တယ်"

ယွမ်တစ်က မေးသည်။

"ဘာဖြစ်လို့လဲ?"

ဂျီယွန်ဝေက ရှင်းပြ၏။

"ခင်ဗျားတို့ အရင်တုန်းက ဒီတောအုပ်ထဲ ဝင်ဘူးလားတော့ မသိပေမယ့် အခုချိန်မှာ သစ်တောက သစ်ပင်တွေရဲ့ သစ်မြစ်တွေ သစ်ကိုင်းတွေက မြေပြင်ပေါ် အပုံလိုက်ကြီး ဖြစ်နေတာ။ စီးနင်းစရာအကောင် မရှိပဲနဲ့ အထဲဝင်ဖို့ မလွယ်ကူဘူး"

ယွမ်တစ်က ပြန်ဖြေသည်။

"အကယ်၍ အဲ့ဒီလို ဆိုရင်တော့ အရမ်းကြီး မဆိုးသေးပါဘူး"

အရိပ်သက်တော်စောင့်တွေ ကျင့်သုံးလေ့ရှိသည့် အရာထဲက တစ်ခုသည် သူတို့ရဲ့ တည်ရှိမှုအား ဖုံးကွယ်ထားဖို့ပင်။ တစ်ခြားအချက်ကတော့ ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ သူတို့ရဲ့ အရှိန်နှုန်းကို ဘယ်လို ထိန်းမလဲ ဆိုတာဖြစ်သည်။ နောက်ဆုံးအချက်ကတော့ လုပ်ကြံသတ်ဖြတ် ခံရတဲ့အချိန်မှာ သေခြင်းတရားနဲ့ အစားထိုးဖို့သာ။

ယွမ်တစ်က လမ်းကြောင်း ခက်ခဲမည်အား သိပ်ပြီး စိုးရိမ်ခြင်း မရှိပေ။

ဂျီယွန်ဝေရဲ့ မျက်လုံးများက ယွမ်တစ်ဆီ ရောက်သွားသည်။

"အဲ့ဒီလို ဆိုရင်တောင် ခင်ဗျားဘာသာ ကိုယ်ပိုင် ဆုံးဖြတ်ချက် ချပါ"

ဂျီမိသားစုမှာလည်း အရိပ်သက်တော်စောင့်များ ရှိပေမယ့် သူတို့ရဲ့ ပုံစံကတော့ ယွမ်မိသားစုနဲ့ အတော်လေး ကွာခြားလှသည်။ ဂျီမိသားစုရဲ့ အရိပ်သက်တော်စောင့် အများစုက နတ်ဆိုးသားရဲများအား ရှာဖေရန်နှင့် ဖမ်းဆီးခြင်းနဲ့ ချော့မော့ခြင်းတို့မှာ ကူညီပေးနိုင်ရန် နတ်ဆိုးသားရဲ အင်္သေချေတောအုပ်ထဲ ဝင်ကြရသည်။ သူတို့ထဲမှာ သူတို့ရဲ့ သခင်လေးဖြစ်သူနဲ့ ခန္တာကိုယ်ခြင်း ဆင်တူနေရမယ် ဆိုတဲ့ အလုပ်တာဝန်မျိုး လုံးဝ ရှိမနေ။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now