Chapter(320) - ကြာပင်လယ်တံလျှပ်

2.9K 730 43
                                    

Unicode

အခန်း(၃၂၀) - ကြာပင်လယ်တံလျှပ်

လင်ရွှမ်းဇီက ပြုံးလေသည်။

"အားဟန် စိတ်ချထားလို့ရပါတယ်, အကယ်၍ ဝိညာဉ်ပြားက ငါ့အပေါ်မှာ ဖြူစင်တဲ့ ရည်ရွယ်ချက် မရှိဘူးဆိုရင်တောင် ငါ့အကြိုက်က ဒီလောက် မကြီးမားပါဘူး, ဒီဝိညာဉ်ပြားက အနည်းဆုံး နှစ်ပေါင်း 800 လောက်ရှိပြီထင်တယ်၊ အရိုးဟောင်း လက်တစ်ဆုပ်စာလောက်ကိုတော့ ငါလည်း ဝါးလို့မရဘူး "

ယန်ထျန်းဟန်သည် လင်ရွှမ်းဇီပြောတာက အရမ်းကို သင့်တင့်လျောက်ပတ်တယ်လို့ တွေးမိတာကြောင့် ချက်ချင်းပင် စိတ်သက်သာရာရသွားသည်။

[ဘယ်သူ့အရိုးက အိုဟောင်းနေလို့လဲ? မင်းအမေကိုပဲ, ရှင်းရှင်းလင်းလင်းပြောစမ်း!]

[အိုး, တောင်းပန်ပါတယ် မေ့တော့မလို့ ခင်ဗျားက အရိုးတောင် ရှိပုံမပေါ်ဘူး]

ဝိညာဉ်ပြား, "...."

ဝိညာဉ်ပြားသည် ပြင်းပြင်းထန်ထန် စော်ကားခံလိုက်ရသလိုမျိုး ခံစားရတာကြောင့် လင်ရွှမ်းဇီအား ဆက်တိုက် အော်ဟစ်နေတော့သည်။ လင်ရွှမ်းဇီက အရမ်းဆူတယ်လို့ တွေးမိတာကြောင့် စိတ်ဝိညာဉ်ပြားအား သူ့ဒန်တျန်ချီပင်လယ်ထဲမှာ အလျင်အမြန် ပိတ်ထားလိုက်ပြီး တစ်ယောက်တည်း မှောင်မိုက်တဲ့ အခန်းထဲ နေခိုင်းလိုက်တော့၏။

ကမ္ဘာကြီးက နောက်တစ်ကြိမ် ငြိမ်းချမ်းသွားပြီ

ယန်ထျန်းဟန်သည် လင်ရွှမ်းဇီက သူ့အတွက် အနီးစပ်ဆုံးလူဖြစ်နေသေးကြောင်း ရှာတွေ့သွားသောအခါ အနည်းငယ် မနာလိုဖြစ်နေမိပေမယ့်လည်း နောက်တစ်ကြိမ် အလွန်ပျော်ရွှင်သွားမိသည်။

ဒီဝိညာဉ်ပြားသာ မရှိဘူးဆိုရင် အကိုကြီးကလည်း သူ့ရဲ့ လတ်တလော ကံကောင်းမှုတွေကို ရခဲ့မှာမဟုတ်ဘူး

ယန်ထျန်းဟန်က ရွှင်မြူးစွာဖြင့် မေးလာသည်။

"အဲ့ဒီ စိတ်ဝိဉာဉ်ပြားက ဘယ်အချိန်တုန်းက ရောက်လာတာလဲ?"

လင်ရွှမ်းဇီကပြန်ဖြေသည်။

"ငါလည်းမသိဘူး, သူက ဘယ်တော့မှ သူ့မူလ အရင်းအမြစ်ကို ထုတ်မပြောဖူးဘူး ဒါပေမဲ့ သူက သိတာတွေ အရမ်းများနေတာဆိုတော့ နယ်မြေကြီးကိုးခုနဲ့ သက်ဆိုင်နေတယ်ထင်တာပဲ, ဘာလို့ ငါ့ရဲ့အသိပညာ ပင်လယ်ထဲမှာ ပေါ်လာတာလဲ ဆိုတာကတော့......."

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now