Chapter(385) - အမြီးကိုးချောင်းမြေခွေးရဲ့ ကတိကဝတ်

2K 496 15
                                    

Unicode

အခန်း(၃၈၅) -  အမြီးကိုးချောင်းမြေခွေးရဲ့ ကတိကဝတ်

အမြီးကိုးချောင်း နတ်မြေခွေးက ခဏလောက်စဉ်းစားပြီးနောက်မှာ စပ်ဆုပ်ရွံရှာပြီး ရှုံ့ချသည့် လေသံအပြည့်ဖြင့် ပြောလာသည်။

"အဲ့ဒီ အယုတ်တမာကောင်က ယန်ထျန်းဟန်ကို အခင်းအကျင်း တစ်ခု ထွင်းထည့်ထားပုံပေါ်တဲ့ ကျောက်တုံးတစ်ခုပေါ် တင်ထားလိုက်တယ်။ သူက အစကတည်းက ယန်ထျန်းဟန်ကို အတင်းအကြပ် သူနဲ့ ဆက်ဆံဖို့ ဖိအားပေးတာဆိုတော့ ယန်ထျန်းဟန် ခုခံမှာကို ကြောက်ပြီး ဘာမှန်းမသိတဲ့ ဆေးတစ်မျိုး ကျွေးထားခဲ့တယ်လေ။ ယုတ္တိဗေဒအရဆိုရင် ရန်ပုလင် အနေနဲ့ အောင်မြင်ခဲ့သင့်ပေမယ့် တကယ်တမ်း သူတွေးတာ မှားသွားခဲ့တယ်"

အမြီးကိုးချောင်း နတ်မြေခွေးက လင်ရွှမ်းဇီအား တစ်ချက်ကြည့်လိုက်ပြီး အလျင်အမြန် ဆက်ပြောလေသည်။

"ယန်ထျန်းဟန်က ခံစားချက်တွေရဲ့ သက်ရောက်မှု ခံရလို့လား ဒါမှမဟုတ် တစ်ခြားအကြောင်းပြချက်ကြောင့်လားတော့ မသိပေမယ့် သူ့ဝမ်းဗိုက်နားလောက်မှာ စည်းတံဆိပ်နဲ့ ဆင်တူတဲ့ အရာတစ်ခု ပေါ်လာခဲ့တယ်။ ပုံစံကတော့ ဖော်ပြဖို့ မလွယ်ပေမယ့် ရှင်းရှင်းလင်းလင်းလည်း မမှတ်မိဘူးရယ်။ ရန်ပုလင် ဘာတွေ စဉ်းစားနေလဲ ဘယ်သူသိမှာလဲ? ဒါပေမဲ့ သူက တကယ်ပဲ လက်ကို ဆန့်ထုတ်လိုက်ပြီး အဲ့ဒီ စည်းတံဆိပ်ကို ထိချင်နေတယ်လေ။ ဒါပေမဲ့ သူထိရုံလေးပဲ ထိရသေးတဲ့အချိန်မှာ သူ့လက်ချောင်းက ရုတ်တရက် မီးထလောင်ရော။ သူက အရမ်းကို ကြောက်သွားလို့ အဲ့ဒီ လက်ချောင်းကို ဖြတ်ချလိုက်ပြီး အော်ဟစ်ထွက်ပြေးတော့တာပဲ ပြေးလိုက် တွားသွားလိုက်နဲ့"

လင်ရွှမ်းဇီရဲ့ မျက်နှာက တောင့်တင်းနေပြီး သူ့နှလုံးသားက အဆုံးမရှိတဲ့ နာကျင်မှုများဖြင့် ပြည့်နှက်နေသည်။

အဲဒါကယန်ထျန်းဟန် ရဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်မှုပဲ။ သူ့ရဲ့ ကျင့်ကြံမှုကို ချိတ်ပိတ်ထားတဲ့ စည်းတံဆိပ် အခင်းအကျင်းက အဆုံးမှာတော့ လုံးလုံးလျားလျား မကျိုးပျက်သွားခဲ့ဘူးလေ။ အခု သူပြန်စဉ်းစားမိတော့ အကြောင်းအရင်း တစ်စိတ်တစ်ပိုင်းက ယန်ထျန်းဟန် ကိုယ်တိုင်ကကို ချိတ်ပိတ်မှုကို မဖျတ်ဆီးချင်ခဲ့တာ ဖြစ်လိမ့်မယ်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now